ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

 

နေပြည်တော် ဩဂုတ်  ၃၀


ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဖလား  ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင် ဟားခါးမြို့ လွှတ်တော်ရုံး၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီး ချုပ်  ဒေါက်တာ  ဝုန်ဆုန်းထန်၊ အနောက်မြောက်တိုင်း  စစ်ဌာန ချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့်  တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ကြီးများ၊    ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒိုင်အဖွဲ့ဝင် များနှင့် ပြိုင်ပွဲဝင်အားကစားသမား များ တက်ရောက်ကြသည်။     

 


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက   လူသစ်တန်း (အငယ်တန်း)         ပြိုင်ပွဲနှင့် အလွတ်တန်း(အကြီးတန်း)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ  ယှဉ်ပြိုင်မှုများ ကို   ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ  ဆုရရှိသောအသင်း များနှင့် ဖလားဆုရရှိသည့် အသင်း တို့အား   ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူ များက   ဖလားဆုနှင့်   ဆုများ အသီးသီးပေးအပ်    ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။    

သတင်းစဉ်