ချင်းပြည်နယ် တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို CDF အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်ကာ ဘဏ်အတွင်းရှိငွေများ လုယက်ယူဆောင်

 

နေပြည်တော်    ဩဂုတ်    ၂၅


ချင်းပြည်နယ် တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို CDF အကြမ်းဖက်သောင်းကျန်းသူများက အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးကာ ၎င်းတို့ကိုင်ဆောင်သော လက်နက်ငယ်အချို့နှင့် ဘဏ်အတွင်းရှိ ငွေများ လုယက်ယူဆောင် သွားကြောင်း သိရသည်။


အနီးကပ်ပစ်ခတ်


ဖြစ်စဉ်မှာ      ယနေ့တွင် တီးတိန်မြို့       မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေး တပ်ဖွဲ့ဝင် သုံးဦး ဘဏ်လုံခြုံရေး ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ   မိနစ်  ၄၀ တွင်  CDF အကြမ်းဖက် သောင်းကျန်းသူများက ဘဏ်တွင်  ငွေလာရောက်          ထုတ်ယူသည့် သာမန်ငွေထုတ်သူ     အသွင်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များအနီး ချဉ်းကပ်ကာ ပစ္စတို သေနတ်များဖြင့်      အနီးကပ်  ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်   လုံခြုံ ရေးတပ်ဖွဲ့ဝင် သုံးဦးသည် ကျည် ထိမှန် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာတွင် ကျဆုံးခဲ့သည်။


ထို့နောက်       အကြမ်းဖက် သောင်းကျန်းသူများ       သည် သေနတ်များပစ်ဖောက်၍ အသံ ပေး    ခြောက်လှန့်ကာ     ဘဏ် အတွင်းသို့  ဝင်ရောက်ပြီး  ဘဏ် အတွင်းရှိ ရုံးလုပ်ငန်းသုံးပစ္စည်း များကို          ရိုက်ခွဲဖျက်ဆီးကာ ကွန်ပျူတာနှင့်   CCTV     များကို သေနတ်ဖြင့်    ပစ်ခတ်ဖျက်ဆီး၍  ဘဏ်ငွေထုတ်ကောင်တာရှိ အများ ပြည်သူများနှင့်  ပင်စင်စား  မိဘ ပြည်သူများကို   ငွေထုတ်ပေးရန် အသင့်ပြင်ဆင်ထားရှိသည့် နိုင်ငံ တော်ပိုင်ငွေကျပ် ၃၈၈ သိန်းကျော် နှင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ  ကိုင်ဆောင်သည့် လက်နက်ငယ်   အချို့အား လုယက်ယူဆောင်ကာ  ဘဏ်အတွင်းမှ           ပြန်လည် ထွက်ပြေးသွားခဲ့သည်။


ပိတ်ဆို့ရှာဖွေစစ်ဆေး


ထိုကဲ့သို့ လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခိုက်ကာ    ဘဏ်အတွင်းရှိ နိုင်ငံတော်ပိုင်ငွေများ      လုယက်    ယူဆောင်သွားသည့် CDF အကြမ်း ဖက်        သောင်းကျန်းသူများကို ဖမ်းဆီးရမိနိုင်ရေး   လိုအပ်သော ပိတ်ဆို့ရှာဖွေ    စစ်ဆေးခြင်းများ ဆက်လက်    ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်