
နေပြည်တော် ဇန်နဝါရီ ၁၇
ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာ ၂၇ ရွာနှင့် ဆမီးမြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ တို့မှ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံ အိမ်ထောင်စုဝင်များကို ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ် သည့် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ဇန်နဝါရီလ ဒုတိယပတ် အတွင်းက သက်ဆိုင်ရာနေရာများ ၌ ပြုလုပ်ကြရာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ် များမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာသူ ပြည်သူ များ တက်ရောက်ကြသည်။
ဦးစွာ နယ်မြေခံတပ်များမှ တာဝန်ရှိသူများက အမှာစကား များ ပြောကြားကြသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ပလက်ဝ မြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၅၄ စုအတွက် ထောက်ပံ့ငွေကျပ် ၂၇ သိန်းနှင့် ဆမီးမြို့နယ်အတွင်းရှိ ကျေးရွာ များမှ အိမ်ထောင်စု ၃၃၃ စုတို့ အတွက် ထောက်ပံ့ငွေကျပ် ၁၆၆၅၀၀၀၀ တို့ကို သက်ဆိုင်ရာ နယ်မြေခံတပ်များမှ တာဝန်ရှိသူ များက ထောက်ပံ့ပေးအပ်ကြ သည်။ ယင်းနောက် ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည် နေထိုင်ကြမည့် ယာယီနေရပ် စွန့်ခွာသူများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက အိမ်ထောင်စုဝင်များ၏ အိမ်သုံးပစ္စည်းများကို သယ်ယူ ရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်