ချင်းပြည်နယ် မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

 

နေပြည်တော်    မေ    ၁၈


ချင်းပြည်နယ်အတွင်းရှိ   မတူပီမြို့နယ်နှင့်   လိုင်လင်းပီမြို့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့်   လူနေအဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ချင်းပြည်နယ် မတူပီမြို့ ၅၀၀ဆံ့ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ မတူ ပီမြို့    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးကျော်ငြိမ်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

 


ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် က အားပေးစကားပြောကြား သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာ  ဝုန်ဆွန်းထန်၊ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့်   တိုင်းမှူး   ဗိုလ်ချုပ်သန်းထိုက် တို့က လေဘေးသင့်အိမ်ထောင်စု ၁၇၀ တို့ကို  စားသောက် ဖွယ်ရာများ၊   ကယ်ဆယ်ရေးပစ္စည်းများနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်