ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ဟားခါး  ဇန်နဝါရီ  ၁၃


ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့က ဟားခါးမြို့   ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အဆိုပါ     အစည်းအဝေးတွင်      ပြည်နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်း အောင်က  မြို့နယ်အလိုက်    ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးသုံးဆေးဝါးနှင့် ဆေး ပစ္စည်းလိုအပ်ချက်များ  တောင်းခံပြီး    ပြည်နယ် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှ  ဖြည့် ဆည်းပေးနိုင်မည့်အခြေအနေ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝယ်ယူဖြည့်ဆည်းပေးရမည့် ဆေးဝါးနှင့်ဆေးပစ္စည်း လိုအပ်ချက်များကို တင်ပြရန်လိုကြောင်း၊ ထန်တလန် မြို့နယ် ဇဲဖိုင်ကျေးရွာအတွက် လိုအပ်သည့် ဆေးဝါး ပစ္စည်းများ ထောက်ပံ့ပေးရေး ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို   ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့်      ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်    စီမံချက်များ    ရေးဆွဲရမည် ဖြစ်ကြောင်း၊   ဟားခါးမြို့နယ်တွင်     ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်း သိသိသာသာ  လျော့နည်းလာကြောင်း တွေ့ရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများတွင်     အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးကို   ကျေးဇူးတင်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍  ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင်လျန်ဟုပ်လိန်းက ဟားခါးမြို့နယ်တွင်     ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အသိ ပညာပေးလုပ်ငန်းများ၊   ကွင်းဆင်းဆောင်ရွက်မည့် အစီအမံနှင့်     လိုအပ်သည့်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေးများ ထောက်ပံ့ပေးနိုင်ရေးတို့ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့်   ဌာနဆိုင်ရာတာဝန်ရှိသူများက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုနှင့်    ဆက်လက်ထိုးနှံနိုင်ရန်   စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေ၊   ကျောင်းသား ကျောင်းသူများအား   ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းများ ဖြန့်ဝေမှုအခြေအနေများကို    ရှင်းလင်းတင်ပြကြ သည်။

 


ယင်းနောက်    ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော် ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ    ဗိုလ်မှူးကြီး   စောထွန်းတို့က လိုအပ်သည်များကို     အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

 


ခရိုင်(ပြန်/ဆက်)