ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ဟားခါး   မတ်   ၁၉


ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ် ရေးနှင့်    အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌    ကျင်းပ သည်။

 


အစည်းအဝေးတွင်     ချင်း ပြည်နယ်   ကိုဗစ်−၁၉     ထိန်းချုပ် ရေးနှင့်      အရေးပေါ်တုံ့ပြန်ရေး ကော်မတီ    ဥက္ကဋ္ဌ    ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်−၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ    ပိုမို တိုးမြှင့် ဆောင်ရွက်လာမှုကြောင့်  ယခု     ရက်သတ္တပတ်အတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်များ တွင် ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိမှု လျော့နည်းလာသည်ကို တွေ့ရှိရ ကြောင်း၊ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေး   လုပ်ငန်းများတွင် ဆက်လက်ဝိုင်းဝန်း   ပူးပေါင်း ဆောင်ရွက်ကြရန်   လိုကြောင်း၊ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား ကျောင်း သူများ ကာကွယ်ဆေး ထိုးနှံပေးရ မည်ဖြစ်ကြောင်း၊ ကျေးရွာများသို့      ကိုဗစ် − ၁၉     ကာကွယ်ဆေး      ထိုးနှံနိုင်ရေး Volunteer များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း     အမှာစကား ပြောကြားသည်။

 


ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်   ကုသရေးဦးစီး ဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး  ဒေါက်တာ  ရန်နိုင်က ချင်းပြည် နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေး လုပ်ငန်းများ၊ ကိုဗစ်−၁၉ ရောဂါ  ကာကွယ်ဆေး   ထိုးနှံပြီးစီးမှုနှင့်  ဆက်လက်ဆောင်ရွက်မည့် အစီ အမံများကို   ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့်  ဌာန  ဆိုင်ရာ        တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား  ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့်     ဆက်လက် ထိုးနှံမည့်အစီအမံများ၊   Mask Campaign နှင့်   အသိပညာပေး  လုပ်ငန်းများ    စဉ်ဆက်မပြတ် ဆောင်ရွက်မှုနှင့်     ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို  ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက် တင်ပြချက်များ အပေါ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး ဟန်ဝင်း အောင်နှင့်     သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်းတို့က  အကြံ ပြု   ဆွေးနွေးကြပြီး   ပြည်နယ် အစိုးရအဖွဲ့       အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို လာမည့် ဧပြီလကုန်      အပြီးထိုးနှံနိုင်ရေး ညွှန်ကြားချက်နှင့်အညီ ကျေးရွာ များအားလုံးကိုပါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးတို့နှင့်   ပတ်သက်၍   ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်  အနောက်မြောက်တိုင်း  စစ်ဌာနချုပ်     ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်    ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။      

ခရိုင်(ပြန်/ဆက်)