ချင်းပြည်နယ် ဟားခါးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃


ချင်းပြည်နယ်  ဟားခါးမြို့ရှိ  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအတွက်   စားသောက်ကုန်ပစ္စည်းများ   ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင်  ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမ၌ ပြုလုပ်ရာ   အနောက်မြောက်    တိုင်းစစ်ဌာနချုပ်   ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ    ဒုတိယတိုင်းမှူးက   အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်    ဒုတိယတိုင်းမှူးနှင့်   တာဝန်ရှိသူများက    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးက   ကျေးဇူးတင်စကား   ပြန်လည် ပြောကြားပြီး မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။                                  

သတင်းစဉ်