
မန္တလေး ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း အသက် ၆၀ နှင့်အထက်ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက် ၉ နာရီခွဲမှစ၍ စုရပ်များ နေရာလေးနေရာခွဲ၍ ထိုးနှံပေးသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသော စုရပ်များမှာ အထက (၃၀) - ၆၄ လမ်း၊ ၁၀၈ နှင့် ၁၀၉ လမ်းကြား၊ မြို့သစ်(၃)ရပ်ကွက်ရှိ အမှတ် (၃၀) အခြေခံ ပညာအထက်တန်းကျောင်း၊ ၆၆ နှင့် ၆၇ လမ်းကြား၊ ၁၁၁ နှင့် ၁၁၁ (A)လမ်းကြား၊ မြို့သစ်(၅)ရပ်ကွက်ရှိ အမှတ် (၂၆) အခြေခံ ပညာအထက်တန်းကျောင်း၊ ၆၆ လမ်း၊ ၁၀၇ နှင့် ၁၀၈ လမ်းကြား၊ မြို့သစ်(၂)ရပ်ကွက်ရှိ အမှတ် (၁၃) အခြေခံပညာ အထက်တန်း ကျောင်းခွဲနှင့် ၁၀၆ လမ်း၊ ၆၅ နှင့် ၆၆ လမ်းကြား၊ မြို့သစ်(၁) ရပ်ကွက်ရုံးတို့ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာနေရာများသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး လူဦးရေ ၂၀၀ ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)