
နေပြည်တော် မတ် ၂၉
၂၀၂၃ ခုနှစ် မတ် ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေး မြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ အကွက်အမှတ် (၅၇၅)၊ ၈၅ (A) လမ်း၊ ၃၁ x ၃၂ လမ်းကြားရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ ရွှေဆိုင်ဝန်ထမ်း နှစ်ဦးက ငွေကျပ်သိန်း ၁၅၀၀ ကို စိန်သရဖူ ရွှေသန့်စင်လုပ်ငန်းသို့ ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့ တင်ဆောင် နေစဉ် စိစစ်ဆဲအမျိုးသား သုံးဦးသည် မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် နှစ်ချက် ပစ်ဖောက်ကာ ငွေကျပ် သိန်း ၁၂၀၀ ကို ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည်။
သို့ဖြစ်၍ လုံခြုံရေးပူးပေါင်း အဖွဲ့က ဖြစ်စဉ်နေရာသို့ သွား ရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ဆိုင်အတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ စိစစ်ဆဲ အမျိုးသား သုံးဦးသည် ဓားပြတိုက် လုယက် ယူဆောင်သွားသည့် ငွေကြေးများအား ယာဉ်အမှတ်၊ YGN-5D/2975 Nissan March (အနက်ရောင်) ယာဉ်ဖြင့် သယ် ဆောင် ထွက်ခွာသွားကြောင်း သိရှိရသဖြင့် ဓားပြတိုက်လုယက် သူများ စီးနင်းလိုက်ပါသွားသည့် ယာဉ်အား စုံစမ်းစစ်ဆေးရှာဖွေ ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁ လမ်း၊ ၁၃၅ x ၁၃၆ လမ်းကြား ရှိ ခြံဝင်းအတွင်း ဆက်စပ် တရားခံ တင်စိုးနှင့် ကျော်တင်ဦး (ခ) ငပိန် တို့ နှစ်ဦးကို ဓားပြ တိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ် နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိ
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ မတ် ၂၈ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရွာလမ်း၊ အကွက်အမှတ်၊ ၈၆၂ တွင် တရားခံ ဆန်းဝင်း အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ဓနုံးကျေးရွာ၌ ဖမ်းဆီးရန်ကျန် တရားခံ ကျော်နိုင် ၏ နေအိမ်မှ Sigsauer ပစ္စတို တစ်လက်၊ Glock ပစ္စတို တစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက်မှု တွင် ပါရှိသွားသည့် ငွေကျပ်သိန်း ၆၀၀၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်နှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ ဆန်းဝင်း ၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၂ လမ်း၊ ၆၁ x ၆၂ လမ်းကြား၌ တရားခံ တင်စိုး (ခ) ရခိုင် အား ဓားပြတိုက် လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၂၃၅ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထွက်ဆိုချက်
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ဆန်းဝင်း သည် ၁၉၉၄ ခုနှစ်တွင် တာချီလိတ်မြို့၌ တရားမဝင် ရှေးဟောင်းပစ္စည်း ရောင်းဝယ် ပြုလုပ်မှုဖြင့် တာချီလိတ်မြို့မ ရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး ကျိုင်းတုံအကျဉ်းထောင်၌ ထောင် ဒဏ် ၃ နှစ် ကျခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကလော မြို့၊ မြို့အဝင် စစ်ဆေးရေးဂိတ် ၌ ဘိန်းမည်း ၅ ပိဿာနှင့် အတူ ဖမ်းဆီးခံခဲ့ရကာ ထောင် ဒဏ်နှစ် ၃၀ ထပ်မံ ကျခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက် တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ကြောင်း။
တရားခံ တင်စိုး (ခ) ရခိုင်သည် ၂၀၀၃ ခုနှစ်တွင် မူးယစ်ဆေးဝါး မှုဖြင့် ကချင်ပြည်နယ် မိုးညှင်း မြို့မရဲစခန်း၌ ဖမ်းဆီးခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ် ခုနစ်နှစ်ကျခံခဲ့ရကာ ၂၀၀၉ ခုနှစ်တွင် ပြစ်ဒဏ်စေ့သဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ကြောင်း။
တရားခံ ဆန်းဝင်း ၏ ထွက်ဆိုချက်အရ ဓားပြတိုက် လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတို နှစ်လက် နှင့်ခဲယမ်းများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် ဖယ်ခုံမြို့နယ်၊ လအိကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးရန်ကျန်တရားခံ မောင်ဆန်း ထံမှ ငွေကျပ် ၁၀၂ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော် ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု တစ်ကြိမ် နှင့် ဓားပြတိုက် လုယက်မှု သုံးကြိမ် ကျူးလွန်ခဲ့ကြောင်း သိရှိရသည်-
á ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားခံ ဆန်းဝင်းသည် ဓားပြ တိုက်လုယက်မှု ပြုလုပ် ရန်အတွက် အမရပူရ မြို့နယ်အတွင်း လိုက်လံ ကြည့်ရှုစဉ် ညောင်ပင် ကုန်းကျေးရွာ၊ (ဋ)ရပ်ကွက်၌ ရွှေဆွဲကြိုး၊ ရွှေလက်ကောက် များ ဝတ်ဆင် ထားသော ဒေါ်ခင်လတ်အား တွေ့ရှိ ၍ ၎င်း၏ နေအိမ်ကို ဓားပြတိုက် လုယက်ရန် ကြိုတင် သတ်မှတ်ထားရှိ ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆန်းဝင်း ခေါင်းဆောင်၍ တင်စိုး (ခ) ရခိုင်၊ တင်စိုး၊ ကျော် တင်ဦး (ခ) ငပိန်၊ ဖမ်းဆီး ရန် ကျန်တရားခံများဖြစ် သည့် တမောင်း၊ ကျော်နိုင် တို့သည် ဒေါ်ခင်လတ် ၏ နေအိမ်အား ဝင်ရောက် ဓားပြတိုက် လုယက်ခဲ့ ကြောင်း၊ ထိုသို့ဓားပြ တိုက် လုယက်နေစဉ် ဒေါ်ခင်လတ်၏ မောင် ဖြစ်သူ ဒုရဲမှူး ဝင်းမင်း သန့် ရောက်ရှိလာပြီး ၎င်းတို့အား လုံးထွေး သတ်ပုတ် ဖမ်းဆီးခဲ့ သဖြင့် တရားခံ ဆန်းဝင်း မှ ပစ္စတိုဖြင့် သုံးချက် ပစ်၍ လုပ်ကြံသတ်ဖြတ် ကာ နေအိမ်အတွင်းမှ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေ လက်ကောက် သုံးကွင်း၊ ရွှေလက်စွပ် လေးကွင်း၊ ငွေကျပ်သိန်း ၃၀၀ နှင့် ဒုရဲမှူး ဝင်းမင်းသန့် ကိုင်ဆောင်သည့် ခြောက် လုံးပြူး တစ်လက်တို့ကို ဓားပြတိုက် လုယက် ယူဆောင်သွားခဲ့ကြောင်း၊ ဓားပြတိုက် လုယက် ယူဆောင် လာသည့် ရွှေထည်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း ရိပ်သာ အနောက် ရပ်ကွက်ရှိ “စိန်ကျော်မိုး ရွှေသန့်စင် နှင့် မီးလင်းရွှေ ရောင်း ဝယ်ရေးဆိုင်” သို့ သွား ရောက်၍ ငွေကျပ်သိန်း ၈၀ ဖြင့် ရောင်းချခဲ့ ကြောင်း။
á မတ် ၁၁ ရက်တွင် တရားခံ ဆန်းဝင်း သည် ချမ်းအေး သာစံမြို့နယ်၊ သီရိဟေမာ အနောက် ရပ်ကွက်၊ ၂၆ x ၂၇ လမ်းကြားရှိ “ဒေါ်တော မုန့်တီဆိုင်” သို့ ပါဆယ်သွားရောက် ဝယ်ယူစဉ် ဆိုင်ပိုင်ရှင် မှာ ရွှေဆွဲကြိုး အကြီး တစ်ကုံးနှင့် ရွှေလက် ကောက်များ ဝတ်ဆင် ထားသည်ကို တွေ့ရှိ သဖြင့် ဓားပြတိုက် လုယက်ရန် ကြိုတင် သတ်မှတ် ထားရှိခဲ့ ကြောင်း၊ မတ်လ ၁၂ ရက် တွင် တရားခံ ဆန်းဝင်း နှင့် ဖမ်းဆီးရန်ကျန် တရားခံ တမောင်း တို့ သည် “ဒေါ်တော မုန့်တီ ဆိုင်” သို့ သွားရောက်၍ ဆိုင်ပိုင်ရှင် ဒေါ်မာလွင် အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရွှေ ဆွဲကြိုး တစ်ကုံး၊ ရွှေ လက်ကောက် တစ်ကွင်း နှင့် ရွှေလက်စွပ် တစ်ကွင်း တို့ကို ဓားပြတိုက် လုယက် ယူဆောင်ခဲ့ ကြောင်း၊ ဓားပြတိုက် လုယက် ယူဆောင်လာ သည့် ရွှေထည်ပစ္စည်း များအား ချမ်းအေးသာစံ မြို့နယ်၊ အောင်နန်း ရိပ်သာ အနောက် ရပ်ကွက်ရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်” သို့ သွားရောက်၍ ငွေကျပ် သိန်း ၄၀ ဖြင့် ရောင်းချ ခဲ့ကြောင်း။
ဓားပြတိုက်လုယက်ရန်စီစဉ်
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဆန်းဝင်း သည် ဓားပြတိုက် လုယက်ယူဆောင် လာသည့် ရွှေထည်ပစ္စည်းများအား “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်” သို့ သွားရောက်ရောင်းချစဉ် ဆိုင်အတွင်း၌ ငွေစက္ကူများအား ဆာလာအိတ်ဖြင့် ထည့်ထား သည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းဆိုင် အား ဓားပြတိုက်ရန် စီစဉ်ခဲ့ပြီး ဓားပြတိုက်လုယက်ရာတွင် အသုံး ပြုရန် Nissan (အနက်ရောင်) လိုင်စင်မဲ့ ယာဉ်တစ်စီးအား ဝယ်ယူခဲ့ကြောင်းနှင့် တရားခံ ကျော်တင်ဦး (ခ) ငပိန်သည် ရွှေဆိုင်ဝန်ထမ်းများ ငွေစက္ကူများ သယ်ယူမည့်အချိန်ကို ကြိုတင် စောင့်ကြည့်လေ့လာ၍ ဓားပြ တိုက် လုယက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဓားပြတိုက်စဉ်သေနတ်ပစ်ဖောက်
ထို့နောက် မတ် ၂၇ ရက် ညနေပိုင်းတွင် တရားခံ ဆန်းဝင်း၊ တင်စိုး (ခ) ရခိုင်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် တမောင်း၊ ကျော်နိုင် တို့သည် လက်နက်များ ကိုင်ဆောင်ကာ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်”သို့ မော်တော် ယာဉ်ဖြင့် သွားရောက်ဓားပြတိုက် လုယက်ခဲ့ကြောင်း၊ ထိုသို့ ဓားပြ တိုက်လုယက်စဉ် တင်စိုး (ခ)ရခိုင်မှ ၎င်းကိုင်ဆောင်လာသည့် ခြောက်လုံးပြူး သေနတ်ဖြင့် နှစ် ချက် ပစ်ဖောက်ခဲ့ပြီး ဝန်ထမ်း များအား ထိုင်ခိုင်းကာ ငွေစက္ကူ များ ထည့်ထားသည့် ဆာလာ အိတ် လေးအိတ်ကို ကားပေါ်သို့ ပြောင်းရွှေ့ တင်ဆောင်ကာ မောင်းနှင် ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် ငွေစက္ကူအိတ်များနှင့် ဓားပြတိုက်လုယက်ရာတွင် အသုံး ပြုသည့် သေနတ် သုံးလက်တို့အား မြစ်ငယ်မြို့၊ ဓနုံးကျေးရွာရှိ ဖမ်းဆီးရန်ကျန်တရားခံ ကျော်နိုင် ၏ နေအိမ်နှင့် တရားခံ တင်စိုး (ခ)ရခိုင်၏ နေအိမ်တို့တွင် နေရာခွဲ၍ သိမ်းဆည်း ထားခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့နှင့်အတူ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများမှာ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ မောင်ဆန်းမှ ရောင်းချရန်အတွက် ပို့ဆောင် ပေးထားခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖော်ထုတ်ဖမ်းဆီး
ဖြစ်စဉ်တွင် ဓားပြတိုက် လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံ ကျား လေးဦးအား Sigsauer ပစ္စတို တစ်လက်၊ Glock ပစ္စတို တစ်လက်၊ ခြောက် လုံးပြူး တစ်လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက် မှုတွင် ပါရှိသွားသည့် ငွေကျပ် ၈၃၅ သိန်း၊ ဘိန်းဖြူဟု ယူဆရ သော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ နှင့် ဓားပြတိုက် လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အချိန်နှင့်တစ်ပြေးညီမဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန် သိပြည်သူ အချို့ကလည်း အချိန် နှင့်တစ်ပြေးညီ သတင်းပေးပို့ ပူးပေါင်း ပါဝင်ခြင်းများကြောင့် ဓားပြတိုက် လုယက်ခဲ့သည့် ဖြစ်စဉ်အား ၂၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိရောက်စွာအရေးယူမည်
အဆိုပါ ဖမ်းဆီးရမိ တရားခံ များအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဓားပြတိုက်လုယက်ယူဆောင် သွားသည့် ရွှေထည်ပစ္စည်းများ အား ထုခွဲရောင်းချရာ၌ တရား မဝင် လက်ခံဝယ်ယူခဲ့သည့် “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်” ကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဓားပြတိုက် လုယက်မှုတွင် ပါဝင်ကျူးလွန် ခဲ့သည့် တရားခံပြေး နှစ်ဦးကို လည်း ဆက်လက်ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့် အဆိုပါ တရားခံပြေးများအား တွေ့မြင် သိရှိရပါက လျှို့ဝှက်စွာသတင်း ပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ် ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်လည်း ရပ်ရွာ အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိနိုင် ရေးတို့အတွက် နေ့ညမပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်