
ဆန်တီယာဂို ဇန်နဝါရီ ၁၇
ချီလီနိုင်ငံ၌ ကိုဗစ် -၁၉ နေ့စဉ်ကူးစက်မှုမှာ ဒုတိယမြောက်နေ့အဖြစ် စံချိန်တင်များပြား လျက်ရှိသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် -၁၉ နောက်ထပ်ကူးစက်ခံရသူ ၉၄၅၄ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၆ ရက်က ပြောသည်။
ချီလီပြည်သူများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရေးနည်းလမ်းများဖြင့် ကာကွယ်ကြ ရန် ချီလီပြည်သူ့ကျန်းမာရေးလက်ထောက် အတွင်းဝန်ဖြစ်သူ မရီယာထရီဆာဗယ်လန် ဇူလာက တိုက်တွန်းခဲ့သည်။
လက်ရှိတွင်ကူးစက်မှုများ များပြားနေ သော်လည်း ယခင်ကူးစက်မှုလှိုင်းများလောက် ဆေးရုံတက်ရသူနှင့် အထူးကြပ်မတ်ကုသ ဆောင်တွင် ကုသမှုခံယူရသူအရေအတွက်မှာ များပြားခြင်းမရှိဟု ၎င်းကပြောသည်။
လက်ရှိအခြေအနေများကို ကြည့်လျှင် ကာကွယ်ဆေးမှာ ရောဂါပြင်းထန်မှုကို ကာကွယ်ပေးပြီး သေဆုံးမှုနှုန်းကိုလည်း လျှော့ချပေးနိုင်သည် ၎င်းကဆက်ပြောသည်။
ဆင်ဟွာ