ခေတ်စားလာသော Online လိမ်လည်မှုများ

Type
5

 

ကိုကိုချွန် (FIU မော်လမြိုင်)

(ယမန်နေ့မှ အဆက်)
အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း
စတုတ္ထနည်းလမ်းမှာ လိမ်လည်သူသည် Social Media  Platform ပေါ်တွင် ကြော်ငြာအတုများ၊ ကုန်ပစ္စည်းအတုများ လွှင့်တင်၍ ဟန်ပြရောင်းချကြ ပါသည်။ မိမိမှ ဝယ်ယူလိုက်ပါက စာရွက်စာတမ်း အတုများ၊ ဘောက်ချာအတုများပြုလုပ်၍ Delivery ဖြင့် ကုန်ပစ္စည်းများပေးပို့လိုက်ကြောင်း ဝယ်ယူသူ ယုံကြည်စေရန် လှည့်ဖြားကာ တန်ဖိုးငွေလွှဲပြောင်း ခိုင်းပြီး လိမ်လည်ရယူကြပါသည်။ အခြားနည်းမှာ လူမှုကွန်ရက်တွင်       ဟန်ပြကုမ္ပဏီ    (Front Company)  များ၊   ဟန်ပြငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ တည်ထောင်၍ ကြော်ငြာလွှင့်တင်ပြီး အစုရှယ်ယာများရောင်းချကာ ငွေကြေးလိမ်လည် ခြင်း ဖြစ်ပါသည်။
လိမ်လည်သူများသည် ပထမဦးစွာ အင်တာနက် စာမျက်နှာ (Web page)များ လွှင့်တင်ထားပြီးနောက် လူမှုကွန်ရက်မှ    မိမိအား   ယင်းစာမျက်နှာတွင် Account    ဖွင့်လှစ်အသုံးပြုစေရန်  မက်လုံးပေး ဆွဲဆောင်ပါသည်။ Account ဖွင့်လှစ်ဝင်ရောက် လိုက်ပါက ယင်းစာမျက်နှာတွင် ဖန်တီးထားသော ကုန်ပစ္စည်းများ  အော်ဒါမှာယူ တင်သွင်းခြင်းဖြင့် အမြတ်ငွေများရရှိနိုင်ကြောင်း၊ အမြတ်ငွေများကို အော်ဒါတင်သွင်းမှု  သတ်မှတ်အကြိမ်ရေပြည့်မှ ထုတ်ယူခွင့်ပြုကြောင်း    မက်လုံးပေးဆွဲဆောင် ပါသည်။  သတ်မှတ်အကြိမ်ရေ ပြည့်သော်လည်း ငွေကြေးများထုတ်ပေးခြင်းမပြုဘဲ လိမ်လည်ခြင်း ဖြစ်ပါသည်။
အခြားနည်းလမ်းတစ်ခုမှာ လိမ်လည်သူများ သည် Viber မှတစ်ဆင့် ငွေကြေးရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်းဖြင့်   အပိုဝင်ငွေရရှိနိုင်ကြောင်း၊ ငွေကျပ်မည်မျှရင်းနှီးပါက    အကျိုးအမြတ်များ ပြန်လည်ရရှိမည်ဖြစ်ကြောင်း   အဆင့်ဆင့်ရင်းနှီး မြှုပ်နှံစေရန် ဆွဲဆောင်ပါသည်။ သို့သော် ၎င်းငွေများ နှင့် အကျိုးအမြတ်များကို ပြန်လည်ထုတ်ပေးခြင်း မရှိတော့ဘဲ လိမ်လည်ခြင်းဖြစ်ပါသည်။ အခြားနည်း မှာ Facebook စာမျက်နှာတွင် ငွေကြေးလဲလှယ် သည့်လုပ်ငန်း  (Money Changer)  ဆောင်ရွက် ကြောင်း၊ မိမိမှ နိုင်ငံခြားငွေဝယ်ယူလိုပါက  ၎င်း၏ ငွေစာရင်းသို့     ငွေကြေးလွှဲပြောင်းခိုင်းပြီး    မိမိ Facebook Account အား block ကာ လိမ်လည်ခြင်း ဖြစ်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဟု အကြောင်းပြ၍လိမ်လည်ခြင်း
ပဉ္စမမြောက်နည်းလမ်းမှာ လိမ်လည်သူများ သည် Social Media Platform ပေါ်တွင် နာမည်ကြီး အလုပ်အကိုင်ရှာဖွေရေး    Agency   များ၏ အမှတ်တံဆိပ်များကို    အသုံးပြု၍    Web  page ထူထောင်ပြီး အလုပ်အကိုင်အတုများ၊ အလုပ်ခေါ်စာ အတုများဖြင့် လှည့်ဖြားကမ်းလှမ်းကာ သင်တန်း တက်ရန် ငွေကြိုတင်တောင်းခံခြင်း၊ ဝန်ဆောင်ခ ကျသင့်ငွေများအား   အကြောင်းအမျိုးမျိုးပြကာ ကြိုတင်တောင်းခံခြင်းဖြင့် လိမ်လည်သော နည်းလမ်း ဖြစ်ပါသည်။
အခြားနည်းလမ်းများ
အခြားကျူးလွန်လေ့ရှိသည့် နည်းလမ်းတစ်ခုမှာ တယ်လီဖုန်း SIM ကတ်များကို အသုံးပြုခြင်း ဖြစ်ပါ သည်။    လိမ်လည်သူသည်   မိမိ၏  နိုင်ငံသား စိစစ်ရေးကတ်၊  ဖုန်းနံပါတ်နှင့်  ကိုယ်ရေးအချက် အလက်များကို      တစ်နည်းနည်းဖြင့်ရယူကာ နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်ပြီး ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းများထံ    “တယ်လီဖုန်း ပျောက်ဆုံးကြောင်း”    အကြောင်းပြကာ  မိမိ၏ ဖုန်းနံပါတ်   SIM  ကတ်အသစ်ကို  လျှောက်ထား ရယူပါသည်။ ထို့နောက် မိမိဖုန်းနံပါတ်ဖြင့် ဖွင့်လှစ် ထားသော Mobile Pay Account များသို့ ဝင်ရောက် ကာ ငွေများလွှဲပြောင်း ရယူကြပါသည်။
လိမ်လည်ခံရခြင်း အကြောင်းရင်းများ
အွန်လိုင်းလိမ်လည်မှုများကို   လေ့လာကြည့် လျှင် သာမန်ပြည်သူများ၏ လောဘကို အခြေခံပြီး လိမ်လည်နေကြောင်း တွေ့ရှိရပါသည်။ အချို့သော လိမ်လည်မှုများတွင်   ပညာတတ်သူများလည်း လိမ်လည်ခံရသည်ကို   ကြည့်ခြင်းအားဖြင့်  အသိ ပညာနှင့်      ဗဟုသုတနည်းပါးသူများကိုလည်း ပစ်မှတ်ထား ဆောင်ရွက်တတ်ကြောင်း တွေ့ရှိရပါ သည်။ သာမန်ပြည်သူလူထုအတွင်း လိမ်လည်ခံရမှု များထဲတွင် အသိပညာ နည်းပါးမှုကို အခွင့်ကောင်း ယူကာ  လိမ်လည်နေကြကြောင်း  သိရှိရပါသည်။ ဥပမာ   မောင်ဘ၏   မှတ်ပုံတင်အား  ငှားရမ်းပြီး အွန်လိုင်းအကောင့်ဖွင့်ခြင်း၊ မှတ်ပုံတင်အတု ပြုလုပ် ထားခြင်း၊ ပတ်စပို့ပြုလုပ်ခြင်း၊  ဖုန်းများ  ခေတ္တ ငှားရမ်းပြီး အွန်လိုင်း Pay Wallet ဖွင့်လှစ်ခြင်းနှင့် ပိုင်ရှင်၏ ဖုန်းအမှတ်၊ လိပ်စာ၊ အမည်ကို လိမ်လည်မှု အတွက် အသုံးချခြင်းတို့သည် နေ့စဉ်ကြုံတွေ့နေရ သော လိမ်လည်နည်းများ ဖြစ်ပါသည်။
အချို့နေရာများတွင်    အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုနှင့်     ဆင်းရဲနွမ်းပါးမှု၊   မိသားစု စီးပွားရေးကျပ်တည်းမှုများကြောင့် ပညာတတ်သူ၊ အသိပညာရှိသူများပင် လိမ်လည်ခံရလျက်ရှိပါသည်။ ရာထူးတိုးတက်ရရှိရေးနှင့် လုပ်ငန်းအဆင်ပြေရေး အတွက် အွန်လိုင်းပေါ်တွင် အဆောင်များ၊ လက်ဖွဲ့ များ ရောင်းချပေးခြင်း၊ အကြောင်းအမျိုးမျိုးပြကာ ယတြာချေခိုင်းခြင်းနှင့်           နောက်ပိုင်းတွင် အောက်လမ်းနည်း၊ စုန်း/ ကဝေများဖြင့် ခြိမ်းခြောက် ခြင်း၊ ငွေကြေးတောင်းခံခြင်းများလည်း ကြုံတွေ့ နေရလျက်ရှိပါသည်။
သာမန်ပြည်သူများအနေဖြင့် ရိုးသားဖြူစင်ခြင်း၊ အယုံလွယ်ခြင်း၊       နောက်ဆက်တွဲပြဿနာကို မသိခြင်း၊ အရှက်အကြောက်ကြီးခြင်း၊ စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်းနှင့်   စပ်စုလိုစိတ်ရှိခြင်း၊  စဉ်းစား ဆင်ခြင်ဉာဏ်နှင့် တွေးတောဆင်ခြင်မှုနည်းပါးခြင်း တို့သည်  လိမ်လည်သူများအတွက် အခွင့်ကောင်း များဖြစ်ပါသည်။ အချို့အခြေအနေများတွင် လူတို့၏ စိုးရိမ်စိတ်နှင့်အကြောက်တရားကို အသုံးချခြင်း၊ အခက်အခဲရှိသူများကို   ပစ်မှတ်ထားခြင်း၊  အကျိုး အမြတ်ရမည်ဟု       ယုံကြည်အောင်ပြောဆိုပြီး လုပ်ငန်းအတွင်း ရှယ်ယာခေါ်ခြင်း၊ ပါဝင်လုပ်ကိုင် စေခြင်းတို့မှ နောက်ပိုင်းတွင် ငွေကြေးလိမ်လည်ခဲ့ ကြောင်း တွေ့ရပါသည်။
လိမ်လည်သူတို့၏ အလေ့အထများ
အွန်လိုင်းလိမ်လည်မှုသည်     တစ်ဦးတည်း လိမ်လည်ခြင်းထက် သာမန်အားဖြင့် အုပ်စုဖွဲ့ ကျူးလွန်ပြီး IT နည်းပညာကျွမ်းကျင်သူများ ပါဝင် တတ်ကြပါသည်။ နည်းပညာ၏ အားနည်းချက်များ ကို အသုံးချကာ သတင်းစုဆောင်းခြင်း၊ ဖြစ်ပေါ်နေ သောအခြေအနေကိုသုံးသပ်ကာ လူအများယုံကြည် လာအောင် စာရွက်စာတမ်းအတု၊ Web page နှင့် Application  အတုများကို  အသုံးချဆောင်ရွက် လျက်ရှိပါသည်။   ကုမ္ပဏီအတုထောင်ပြီး  အသုံး အဆောင်များ ငှားရမ်းအသုံးပြုခြင်းနှင့် လူအထင်ကြီး အောင် ဝတ်စားနေထိုင်တတ်ပါသည်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာ      အချက်အလက်များကို     အွန်လိုင်းမှ ချိုးဖောက်ဝင်ရောက်ကာ သားကောင်အား ရှာဖွေ ဆောင်ရွက်တတ်ကြပါသည်။     အလိမ်ခံရသူကို အရှက်ခွဲမည်ဟု ခြိမ်းခြောက် ငွေညှစ်ခြင်း၊ အွန်လိုင်း လိမ်လည်မှုများတွင်        ပါဝင်ဆောင်ရွက်ရန် အတင်းအကျပ်စေခိုင်းခြင်းမျိုးလည်း        ကြုံတွေ့ နေရပါသည်။
အွန်လိုင်းလိမ်လည်မှုနှင့်
ငွေကြေးခဝါချမှုအကြား ဆက်နွှယ်မှု
အွန်လိုင်းလိမ်လည်မှု        ကျူးလွန်ရာတွင် အင်တာနက်ဆက်သွယ်ရေးကို         အခြေခံသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊  လူမှုကွန်ရက် စာမျက်နှာများနှင့် အင်တာနက် စာမျက်နှာများ အပြင် တယ်လီဖုန်းဆက်သွယ်မှုကွန်ရက်များကို တလွဲအသုံးပြု၍       ငွေကြေးအကျိုးအမြတ်များ ရရှိစေရန်  လိမ်လည်ခြင်း  ဖြစ်ပါသည်။ အွန်လိုင်း လိမ်လည်မှုကျူးလွန်ရာတွင်   ငွေကြေးလွှဲပြောင်း ဆောင်ရွက်ရာ၌ Mobile Banking နှင့် Mobile Pay ကဲ့သို့သော အင်တာနက်ဆက်သွယ်ရေးအခြေပြု ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ဆောင်မှုကို မဖြစ်မနေအသုံးပြုရပါသည်။ 
လိမ်လည်သူများသည် လိမ်လည်မှုကျူးလွန်စဉ် ငွေကြေးများ       လွှဲပြောင်းလက်ခံရယူခြင်းနှင့် ကျူးလွန်ပြီးနောက်ရရှိလာသည့်   ငွေကြေးအား လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာ၌ ငွေကြေးစီးဆင်း မှု (Money Trail)ကို    နောက်ကြောင်းလိုက်လံ ဖော်ထုတ်ခြင်း   မခံရစေရန်နှင့်  အကျိုးခံစားခွင့် ရှိသူပိုင်ရှင် (Beneficial Owner) ကို ဖုံးကွယ်နိုင်ရန် ကြိုးပမ်းကြပါသည်။ ထိုသို့ ကြိုးပမ်းရာ၌ ငွေကြေး ခဝါချမှုနည်းလမ်းများကို      အသုံးပြုလာရာမှ ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်လာပါသည်။ ဘဏ္ဍာ ရေးစနစ်၏ Digitalization အသွင်သို့ ပြောင်းလဲ တိုးတက်လာမှုသည်    လိမ်လည်မှုကျူးလွန်ရာ၌ လိုအပ်သည့် ငွေကြေးလွှဲပြောင်းမှုများ၊ ဖုံးကွယ်မှု များ လျင်မြန်စွာ လုပ်ဆောင်လာနိုင်စေပြီး ခဝါချရန် အတွက် အခွင့်အလမ်းများ ဖြစ်လာစေပါသည်။
အခြားမှုခင်းများနှင့်ဆက်နွှယ်မှု
ငွေကြေးခဝါချမှုအပြင်   အွန်လိုင်းလိမ်လည်မှု သည် အခြားသောမှုခင်းများနှင့်လည်း ဆက်နွှယ် နေပါသည်။ အများဆုံးဆက်နွှယ်သည့် မှုခင်းများမှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် လိုအပ်သည့် သို့မဟုတ် မဖြစ်မနေဆောင်ရွက်ရသည့် စာရွက် စာတမ်းအတုပြုလုပ်မှုနှင့် ကိုယ်ရေးအချက်အလက် များရရှိရန် Hacking ပြုလုပ်ရသည့် ကွန်ပျူတာ မှုခင်းများ   ဖြစ်ပါသည်။       ထို့ပြင်    လူမှောင်ခို/   လူကုန်ကူးမှုများနှင့်လည်း      ဆက်နွှယ်နေပါသည်။    လူမှုကွန်ရက်စာမျက်နှာများတွင်     အလုပ်အကိုင် ကြော်ငြာများလွှင့်တင်၍    သားကောင်   (Victim) များအား လိမ်လည်ခေါ်ဆောင်ပြီး ရောက်ရှိလာပါက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို      အတင်း အကျပ်စေခိုင်းခြင်းဖြင့်   အွန်လိုင်းလိမ်လည်သည့် ဂိုဏ်းများ ပေါ်ပေါက်လာပါသည်။
IT နည်းပညာကျွမ်းကျင်သူများနှင့် ဒေသ/နိုင်ငံ အသီးသီးမှ ဘာသာစကားမတူသော လူအမျိုးမျိုး ကို မှောင်ခိုကူးကာ အတင်းအကျပ်စေခိုင်းခြင်းဖြင့် လိမ်လည်ခံရသူနှင့်စပ်လျဉ်းသည့်   နယ်နိမိတ် အကန့်အသတ်များကို   ကျော်လွှားကာ     နိုင်ငံ ဖြတ်ကျော်  ကျူးလွန်မှုများ  ဖြစ်ပေါ်လာပါသည်။ အွန်လိုင်း လိမ်လည်ဂိုဏ်းများသည် အများအားဖြင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားသည့်   နယ်စပ် ဒေသများ၊    လူကုန်ကူးမှု၊   လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ရာဇဝတ်မှုများ ထူပြောရာ   နယ်စပ်ဒေသများတွင်  ဖြစ်ပွားလေ့ ရှိပါသည်။
နောက်ဆက်တွဲပြဿနာများ
ယခုအခါ နိုင်ငံတော်အစိုးရနှင့် အိမ်နီးချင်းနိုင်ငံ များ၏  ပူးပေါင်းနှိမ်နင်းမှုများကြောင့်  အွန်လိုင်း လိမ်လည်ဂိုဏ်းများ         လျော့နည်းသွားပြီး လိမ်လည်သူများသည် ပြည်တွင်းရှိ နိုင်ငံသားများ အား သားကောင်အဖြစ် ပစ်မှတ်ထား ရွေးချယ်လာ နိုင်ပါသည်။ သို့ဖြစ်ရာ ပြည်တွင်းရှိဘဏ်နှင့် ငွေရေး ကြေးရေးအဖွဲ့အစည်းများ၊  ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများမှာ      အွန်လိုင်းလိမ်လည်မှုအတွက် တလွဲအသုံးပြုခံရနိုင်ခြေ      မြင့်မားလာပါသည်။ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် မိမိတို့    ဖောက်သည်များ၏   Mobile  Wallet / 
Mobile Bank Account များ လုံခြုံမှုရှိစေရန်အတွက် လုံခြုံရေးစနစ်မြှင့်တင်ခြင်း၊ လက်ဗွေ၊ မျက်ကြည် လွှာ၊ မျက်နှာပုံသဏ္ဌာန် သို့မဟုတ် အသံစနစ်ဖြင့် အတည်ပြုသည့် လုံခြုံရေးစနစ် ထည့်သွင်းခြင်းများ ဆောင်ရွက်ခြင်းဖြင့်    တားဆီးကာကွယ်ရမည် ဖြစ်ပါသည်။
ပြည်သူများအနေဖြင့်    မိမိတို့၏   နိုင်ငံသား စိစစ်ရေးကတ်၊   ဖုန်းနံပါတ်နှင့်  ကိုယ်ရေးအချက် အလက်များကို  လုံခြုံစွာ သိမ်းဆည်းထားရန်နှင့် အလွယ်တကူ ပေးအပ်ခြင်းမပြုရန် လိုအပ်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊   Passwordနှင့် ကိုယ်ရေးအချက်အလက်များ  တောင်းခံလာပါက တောင်းခံသည့်အဖွဲ့အစည်းအား စိစစ်အတည်ပြု ခြင်းများ  ဆောင်ရွက်ရမည်ဖြစ်ပါသည်။  မိမိနှင့် ရင်းနှီးသိကျွမ်းခြင်းမရှိသည့်  သို့မဟုတ်  ယုံကြည် စိတ်ချရမှု မရှိသည့် အင်တာနက်စာမျက်နှာများသို့ ယုံကြည်မှုလွန်ကဲစွာ ဝင်ရောက်ခြင်း၊ Application များကို Download ဆွဲယူခြင်း၊ ကိုယ်ရေးအချက် အလက်ဖြည့်စွက်ခြင်းများကို    ရှောင်ရှားရမည် ဖြစ်ပါသည်။
အွန်လိုင်းလိမ်လည်မှုသည်  နစ်နာသူပြည်သူ များ၏ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းကိုပါ   ဖြစ်စေပါသည်။  အထူးသဖြင့် ငွေပမာဏများပြားသော လိမ်လည်ခံရမှု ဖြစ်စဉ်များ တွင်    လိမ်လည်ခံရသူများအတွက်  ဂုဏ်သိက္ခာ ထိခိုက်ပြီး    အရှက်ရစေခြင်း၊  စီးပွားရေးထိခိုက် ပြိုလဲပြီး စိတ်ဓာတ်ကျဆင်းခြင်းများမှ မိမိကိုယ်ကို သတ်သေခြင်း၊ မိသားစုပြိုကွဲခြင်းများအထိ ဖြစ်စေ နိုင်ပါသည်။
ထို့ပြင် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း များ၏ ဂုဏ်သတင်းအပေါ် ထိခိုက်နိုင်ပြီး ယုံကြည် အားထားရမှုကို   လျော့နည်းစေပါသည်။  အွန်လိုင်း လိမ်လည်မှုသည် ပြည်သူများအပေါ် နစ်နာထိခိုက် စေသည်သာမက နိုင်ငံတော်၏ ဘဏ္ဍာရေးစနစ်ကို ပါ ထိခိုက်စေနိုင်ပါသည်။ အွန်လိုင်းလိမ်လည်ဂိုဏ်း များ၏ နယ်နိမိတ် အကန့်အသတ်ကို ကျော်လွှားကာ ကျူးလွန်နိုင်စွမ်းကြောင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကို ထိခိုက်နိုင်သည်ဖြစ်ရာ လျစ်လျူရှုမထားသင့်ဘဲ ထိရောက်စွာ  ကိုင်တွယ်ဖြေရှင်းရန်  လိုအပ်သော မှုခင်းအမျိုးအစားတစ်ခု ဖြစ်ပါသည်။
အွန်လိုင်းလိမ်လည်မှု         ဖြစ်စဉ်များတွင် လိမ်လည်ခံရသူများသည် ငွေပမာဏနည်းပါးသည့် လိမ်လည်မှုများတွင် သတင်းပေးတိုင်တန်းမှုမရှိဘဲ အများအားဖြင့် ငွေပမာဏများပြားစွာ အလိမ်ခံရ သည့် အချိန်မှသာ သတင်းပေးတိုင်တန်းတတ်ကြ ပါသည်။ လိမ်လည်ခံရသူများ၏ အမှုဖွင့်တိုင်တန်း လိုမှု   မရှိခြင်းသည်  အွန်လိုင်းလိမ်လည်မှုများကို သုတေသနပြုလုပ်ရန်နှင့်     တားဆီးနှိမ်နင်းရန် အတွက် အခက်အခဲများ ဖြစ်စေနိုင်ပါသည်။
ယခုအခါ    နိုင်ငံတော်အစိုးရက  အွန်လိုင်း လိမ်လည်မှုကဲ့သို့သော ငွေကြေးဆိုင်ရာလိမ်လည်မှု များနှင့်  ပြစ်မှုများပေါ်ပေါက်လာပါက  အချိန်နှင့် တစ်ပြေးညီ   ထိရောက်စွာ  အရေးယူဆောင်ရွက် နိုင်ရန်နှင့်  ပြစ်မှုများ လျော့နည်းပပျောက်စေရေး တားဆီးကာကွယ်နိုင်ရန်အတွက်   ၂၀၂၄  ခုနှစ် မတ်လတွင် “ငွေကြေးလိမ်လည်မှုများအား အချိန်မီ တားဆီးရေးနှင့်    အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force)” ကို ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် အင်တာနက်အွန်လိုင်း ဆက်သွယ်မှု    နည်းပညာဖွံ့ဖြိုးတိုးတက်နေသမျှ အွန်လိုင်းလိမ်လည်မှုများလည်း တိုးတက်ပြောင်းလဲ နေမည် ဖြစ်ပါသည်။ အွန်လိုင်းလိမ်လည်မှုများကို အဖွဲ့အစည်းတစ်ခုတည်းဖြင့် တားဆီးကာကွယ်၍ မရဘဲ   ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ သက်ဆိုင်ရာ ကဏ္ဍမှ အဖွဲ့အစည်းများ၏ ကျယ်ကျယ်ပြန့်ပြန် ပူးပေါင်းပါဝင်မှုများဖြင့်   ဆောင်ရွက်ရမည်ဖြစ်ပါ သည်။ အွန်လိုင်းလိမ်လည်မှု မှုခင်းများ၏ နယ်စည်း မခြား ကျူးလွန်နိုင်သည့် သဘောသဘာဝကြောင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် လိမ်လည်မှုများ      လျော့နည်းကျဆင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။     ။