
နေပြည်တော် ဧပြီ ၁
ခေတ်အဆက်ဆက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသေးသည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရန် လိုအပ်နေသော သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင် ရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် မွေးမြူရေး သုတေသနဦးစီးဌာန Department of Livestock and Aquaculture Research (DLAR) အသစ်တစ်ခု တည်ထောင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော မွေးမြူရေးသုတေသနဦးစီး ဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူတို့က မွေးမြူရေးသုတေသနဦးစီး ဌာန အဆောက်အအုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး မွေးမြူရေးသုတေသနဦးစီးဌာနအသစ်၏ ဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီးက စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော်အနေ ဖြင့် လယ်ယာ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ခေတ်မီနည်းပညာများအသုံးပြုပြီး ဘက်စုံကဏ္ဍစုံ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာရေးကို ရည်မှန်းချက်၊ ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ လက်တွေ့အရှိန်အဟုန် ကောင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေး ကဏ္ဍတွင် လိုအပ်နေသေးသည့် သုတေသနဦးစီး ဌာနအသစ်ကို ယနေ့ စတင်တည်ထောင်ပေးခြင်း ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍအတွက် သမိုင်းစာမျက် နှာအသစ်တစ်ခု ဖွင့်လှစ်နိုင်ခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လယ်ယာ၊ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လက်တွေ့အားပေး နေမှုများကို အထင်အရှားတွေ့မြင်နိုင်မည်ဖြစ် ကြောင်း၊ နယ်ပယ်အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် သုတေသနလုပ်ငန်းသည် အရေးပါ သောကဏ္ဍမှ ဦးဆောင်နေသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ တိုးတက်မှုရရှိရန် သုတေသနလုပ်ငန်းများ ကို အစဉ်တစိုက် ကြိုးစားအားထုတ်ရမည်ဖြစ် သကဲ့သို့ သုတေသနဖော်ထုတ်တွေ့ရှိချက်များကို လက်တွေ့အသုံးချသုတေသနများအဖြစ် ပြောင်းလဲ ပြီး အမှန်တကယ်အသုံးချမည့်သူများ၏ လက်ဝယ် ရောက်ရှိအောင် ဆောင်ကြဉ်းပေးရန်လိုကြောင်း၊ နိုင်ငံတကာ၏ သုတေသနဆောင်ရွက်ချက်များ ဖော်ထုတ်တွေ့ရှိမှုရလဒ်များမှ အားသာချက် အားနည်းချက်များကို မျက်ခြည်မပြတ်လေ့လာပြီး ရေရှည်အတွက်အကျိုးရှိစေမည့် နည်းပညာရပ် ဆိုင်ရာ သုတေသနနှင့် မိမိတို့နိုင်ငံတွင် လိုအပ်နေ သည့် လက်တွေ့အသုံးချသုတေသနများ ဖွံ့ဖြိုးလာ ရေး ကြိုးပမ်းကြရန်တိုက်တွန်းပါကြောင်း ပြောကြား သည်။
ယနေ့ဖွင့်လှစ်သည့် မွေးမြူရေးသုတေသန ဦးစီးဌာနကို လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနဝင်းအတွင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခင်ရှိပြီး မွေးမြူရေး သုတေသနစခန်း ခုနစ်ခု၊ ရေလုပ်ငန်းသုတေသန စခန်းခုနစ်ခု စုစုပေါင်းသုတေသနစခန်း ၁၄ ခုကို လည်း ယခုဌာနအောက်သို့ လွှဲပြောင်းပြီး ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးတွင် သုတေသန လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းနယ်မြေရှိ စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်း ချိန်လွန် နည်းပညာဌာနသို့ရောက်ရှိကြပြီး စားနပ် ရိက္ခာနှင့် အာဟာရဓာတ်ဖူလုံရေးတွင် အရေးကြီး သောသီးနှံများ စိုက်ပျိုးရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များတွင် လေလွင့်မှုလျှော့ချနိုင်ရေး အတွက် သိုလှောင်ထုပ်ပိုးမှုနှင့် တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးကြသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ဧရိယာနယ်မြေတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူ ရေး ဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ သစ်တောသုတေသနဦးစီးဌာန၊ ရိတ်သိမ်း ချိန်လွန်နည်းပညာဌာန ၊ စက်မှုလယ်ယာသင်တန်း ကျောင်း၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တည်ရှိပြီး နည်း ပညာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာများ တည်ရှိ နေသော အဝန်းအဝိုင်းတွင် မွေးမြူရေးသုတေသန ဦးစီးဌာနကို ယနေ့ စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အလားတူ စက်မှုလယ်ယာသုတေသနဌာနတစ်ခု အသစ်ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်