
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ချောင်း သာကမ်းခြေသို့ ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၁ ရက်အထိ အပန်းဖြေ ခရီးသွားရောက်ခဲ့သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင် စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မ တော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည် ကောင်းမွန်လာသော တပ်မတော် သား အရာရှိ၊ စစ်သည်များသည် ယနေ့ ညနေပိုင်းတွင် မော်တော် ယာဉ်များဖြင့် ချောင်းသာကမ်းခြေ မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။
အပန်းဖြေခရီး သွားရောက်ခဲ့ ကြသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာ ကမ်းခြေရှိ ချောင်းသာအပန်းဖြေ ဧည့်ရိပ်သာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြရာ အနောက် တောင်တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက ရင်းရင်းနှီးနှီး နှုတ်ဆက်ပို့ဆောင်ကြပြီး ရန်ကုန် မြို့သို့ ရောက်ရှိချိန်တွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်း မှူးနှင့် တာဝန်ရှိသူတို့က နွေးထွေး စွာကြိုဆိုခဲ့ကြသည်။
အဆိုပါ တပ်မတော်သား အရာရှိ၊ စစ်သည်များသည် အပန်း ဖြေခရီးစဉ်ကာလအတွင်း ချောင်း သာကမ်းခြေ၌ လမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေးလေ့ကျင့် ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်၌ ဘောလုံး၊ ဘော်လီ ဘောနှင့် ခြင်းလုံးအားကစား များ ဆောင်ရွက်ခြင်း၊ အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက် ကြသည်။
ထို့အတူ ပုသိမ်မြို့ရှိ ရွှေမုဋ္ဌော မဟာစေတီတော် မြတ်ကြီး၊ လောကနန္ဒာစေတီတော်နှင့် နှီးဗုဒ္ဓ ရုပ်ရှင်တော်မြတ်အား ဖူးမြော်၍ အလှူငွေများ လှူဒါန်းခြင်း၊ ချောင်းသာမြို့ရှိ သဲဖြူကျွန်း ရေလယ်ဘုရား၊ ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်၊ ဒီပါအေးမြ မဟာနဂါးရုံဘုရားနှင့် အနန္တဇိန လောကမာန်အောင် စေတီတော် မြတ်ကြီးတို့အား ဖူးမြော်ကြည်ညို ခြင်း၊ ချောင်းသာမြို့ ဒေါနတောင် တောရကျောင်းတိုက်သို့ အလှူငွေ များ လှူဒါန်းခြင်း၊ ချောင်းသာမြို့ ၏ ဒေသအစားအစာဖြစ်သည့် သရက်တော ထိုးမုန့်လုပ်ငန်းနှင့် ရွှေသာယာမြို့မဈေး၊ ကျောက် မောင်နှမကမ်းခြေ၊ ရွှေသောင်ယံ မြို့ Sea & Lake ရှိ ကျောက်စိမ်း ပြတိုက်၊ သစ်သားပန်းပုပြတိုက်၊ ဒီရေတောတံတား၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းသမိုင်းပြခန်း၊ ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်းနှင့် မြတ် ကျောင်းတော် ပုသိမ်ထီးလုပ်ငန်း စသည့် အထင်ကရနေရာများသို့ လည်း သွားရောက်လေ့လာခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်