
နေပြည်တော် အောက်တိုဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ဖြင့် ယနေ့အထိ အိမ်သုံး/အများ သုံး ဆိုလာစနစ်နှင့် အသေးစား ဓာတ်အားစနစ်တို့ဖြင့် မဟာ ဓာတ်အားလိုင်း ပြင်ပဧရိယာ၏ ၃၅ ဒသမ ၆ ရာခိုင်နှုန်း လွှမ်းခြုံ ပေးနိုင်ခဲ့ပြီး စွမ်းအင်ကဏ္ဍ စီမံ ခန့်ခွဲမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ (ESMAP) လေ့လာချက် စစ်တမ်းများအရ စွမ်းအင်ရရှိမှု အဆင့် ၁ မှ ၅ အထိ ဖြည့်ဆည်းပေး နိုင်ခဲ့ကာ ယခုဘဏ္ဍာရေးနှစ်တွင် လည်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၀၄၀ ၊ အိမ်ခြေ ပေါင်း ၄၈၇၅၁ အိမ်ကိုလည်း ကောင်း၊ အသေးစားဓာတ်အား စနစ် စီမံကိန်းလုပ်ငန်း သုံးခုကို ကျေးရွာ ရှစ်ရွာ အိမ်ခြေပေါင်း ၁၂၁၅ အိမ်ကိုလည်းကောင်း လျာထားဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်မီးလင်း ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး အမှတ်(၃၆)တွင် ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး တက်ရောက်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး ပတ်ဝန်းကျင်ကောင်းများ ဖန်တီး ပေးခြင်းနှင့် ပြည်သူအားလုံး ပါဝင်ရရှိ ခံစားနိုင်ရေးအတွက် အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုး ရေးဆိုင်ရာ မူဝါဒများ၊ မဟာ ဗျူဟာများချမှတ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များအသုံးပြု ကာ မဟာဓာတ်အားလိုင်းပြင်ပ စနစ် ကျေးလက်မီးလင်းရေး ကာလတို၊ ကာလရှည် စီမံချက် များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကုမ္ပဏီများအနေဖြင့် လာမည့် ဘဏ္ဍာရေးနှစ်များတွင် လုပ်ငန်း များ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်စီစဉ်ဆောင်ရွက် ထားရန် လိုအပ်ပါကြောင်း၊ အသေးစားဓာတ်အားစနစ် စီမံ ကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို နည်းမှန် လမ်းမှန် ဖြေရှင်းဆောင်ရွက်ပေး နိုင်မည့် နည်းလမ်းကောင်းများ အပါအဝင် အကြံကောင်း ဉာဏ်ကောင်းများ ရရှိရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို တက် ရောက်လာကြသော ကုမ္ပဏီများ က တက်တက်ကြွကြွ ပါဝင် ဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ် ဦးသိန်းလွင် က ကျေးလက်မီးလင်းရေး လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အသေးစား ဓာတ်အားစနစ် ကျေးလက် မီးလင်းရေးလုပ်ငန်းများ ဆောင် ရွက်နေကြသော ကုမ္ပဏီ ၁၃ ခုမှ ကိုယ်စားလှယ် ၂၆ ဦးတို့က အဖွဲ့ ငါးဖွဲ့ခွဲ၍ အိမ်သုံးဆိုလာစနစ် နှင့် အသေးစားဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ရင်ဆိုင် ဖြေရှင်းနိုင်မည့် နည်းလမ်းအကြံ ပြုချက်များ၊ အသေးစားဓာတ်အား စနစ်၏ စီမံကိန်းထောက်ပံ့ငွေ သဘောတူစာချုပ်အပေါ် မြေပြင် အခြေအနေနှင့် လိုက်လျောညီထွေ ရှိစေရန် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အထိ ခြောက်နှစ်တာ ကာလအတွင်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ ပေါင်း ၉၁၆၃ ရွာ၊ အိမ်ခြေပေါင်း ၄၁၈၃၆၃ အိမ်၊ အသေးစား ဓာတ်အားစနစ်ဖြင့် စီမံကိန်း လုပ်ငန်းပေါင်း ၁၂၆ ခု၊ ကျေးရွာ ပေါင်း ၁၆၂ ရွာ၊ အိမ်ခြေပေါင်း ၃၈၉၁၃ အိမ်၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးကာ စုစုပေါင်း ကျေးရွာ ၉၃၂၅ ရွာ၊ အိမ်ခြေပေါင်း ၄၅၇၂၇၆ အိမ်၊ လူဦးရေ ၂ ဒသမ ၃ သန်းခန့်ကို အကျိုးပြုနိုင်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးပေးခန်း နှင့် ဘာသာရေးအဆောက်အဦ စသည်တို့အတွက်လည်း အများ သုံး ဆိုလာစနစ် ၁၆၀၈၈ ခု၊ လမ်းမီးတိုင်ပေါင်း ၅၃၉၂၂ တိုင် ကိုလည်းကောင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းပေါင်း ၁၃၃၈ ခုအတွက်လည်း လျှပ်စစ် ဓာတ်အား ရရှိရေးကိုလည်း ကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
သတင်းစဉ်