ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရမည်

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏   တတိယအကြိမ်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို     ယနေ့ နံနက်ပိုင်းတွင်   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ပြည်ထောင်စု    ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ        ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဝန်ကြီးဌာန ၁၂ ခုမှ  အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်   ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ   တက် ရောက်ကြသည်။

 


အရှိန်အဟုန်မြှင့်ဆောင်ရွက်


အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် ရေရှည် တည်တံ့ခိုင်မြဲပြီး            ဟန်ချက်ညီ သော      ဖွံ့ဖြိုးတိုးတက်မှုစီမံချက် (MSDP)နှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးမဟာဗျူဟာမူဘောင် (RDSF)ပါ      လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသ     ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်  ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

 


ယင်းသို့    အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်      ပိုမို ထိရောက်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး          ကောင်စီက ကျေးလက်ဒေသ  ဖွံ့ဖြိုးရေးနှင့် ဆက်စပ်သည့် ဝန်ကြီးဌာန ၁၂ခုမှ တာဝန်ရှိသူများ၊         ဘာသာရပ် ဆိုင်ရာကျွမ်းကျင်  ပညာရှင်များ ပါဝင်သော ကော်မတီဝင် ၂၆ ဦးဖြင့် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ ကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း။

 


ကော်မတီအနေဖြင့်   ကျေးလက် နေ  ပြည်သူများ၏  အလုပ်အကိုင် နှင့်    ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက်  မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊    ကြီးကြပ်မှု ကော်မတီများ      ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ  သတ်မှတ် ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့် လုပ်ငန်းတာဝန်များကို   ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြော ကြားသည်။

 


ရှင်းလင်းပြောကြား


ဆက်လက်၍    ကော်မတီ ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 


ဖြည့်စွက်ဆွေးနွေး


ယင်းနောက်  ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီး      ဌာန အသီးသီးက  လုပ်ငန်းကဏ္ဍများ အလိုက်  တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့်  တာဝန်ရှိသူ များက   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်  ဆင်းရဲနွမ်းပါးမှု လျှော့ချရေး    လုပ်ငန်းများသည် ကဏ္ဍပေါင်းစုံ    ချိတ်ဆက်ဆောင် ရွက်ရသည့်အတွက်    အားလုံး ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည့် အပိုင်းများ၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ ရေးနှစ်   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားခြင်း ကိစ္စရပ် များကို     ဖြည့်စွက်ဆွေးနွေးခဲ့ကြ ပြီး    ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား   ပြောကြား သည်။

 


အကောင်အထည်ဖော်


ကျေးလက်ဒေသ          ဖွံ့ဖြိုး တိုးတက်ရေး  လုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွင်း  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာနမှ အကောင်အထည်ဖော်   ဆောင် ရွက်နိုင်မှုအနေဖြင့်   ကျေးလက် မီးလင်းရေး   လုပ်ငန်း  ၁၄   ခု၊ ကျေးလက်ရေရရှိရေး  လုပ်ငန်း ၂၀၄၃ ခု၊  ကျေးလက်ကုန်ထုတ် လမ်းနှင့်တံတား (၈၁၇/၁)မိုင်နှင့် ၁၁၉၄ စင်း၊ ကျေးလက်အိမ်ရာ ၇၇  လုံး၊   ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း   ၇၈၇  ခု၊ ကျေးလက်စီးပွား  ထူထောင်ခြင်း စီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်း ၁၇၄ ယူနစ်၊ လူထုဗဟိုပြုစီမံကိန်း ခြောက်မြို့နယ်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းနှင့် Cash for Work စီမံကိန်း ၃၁၄၃ ရွာ၊    သင်တန်း  စုစုပေါင်း ၈၂၈ ကြိမ်နှင့်   ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်းအားကျေးရွာ ၄၉၀ တွင်  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 


အလုပ်အကိုင်ရရှိ

 

ကော်မတီဝင်      ဝန်ကြီးဌာန၊  ဦးစီးဌာနများမှ အကောင်အထည် ဖော်   ဆောင်ရွက်နိုင်မှုအနေဖြင့် အခြေခံ  အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်     ကျေးလက် လမ်း (၃၁၉၂/၀.၆၉) မိုင်၊  ကျေးလက် တံတားအစင်း  ၃၁၇၀၊  ၇၉၀၆၄ ပေ၊    ရေရရှိရေးလုပ်ငန်းပေါင်း ၇၉၈ ခု၊   ကျေးလက်မီးလင်းရေး လုပ်ငန်းအနေဖြင့်    မဟာဓာတ် အားလိုင်းစနစ်ဖြင့်     ၈၆၃  ရွာ၊ မဟာဓာတ်အားလိုင်းပြင်ပအနေ ဖြင့်   ဆိုလာ ၁၀၂၇ စုံ၊  အသက် မွေးဝမ်းကျောင်းလုပ်ငန်း   အနေ ဖြင့်    အသက်မွေးဝမ်းကျောင်း သင်တန်း    ၄၄၉    ကြိမ်အား သင်တန်းသား ၈၄၃၈  ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး  သင်တန်းသား ၉၇၁ ဦးကို  အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း သိရသည်။                

သတင်းစဉ်