ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သမဝါယမစနစ်ဖြင့် အထောက်အကူပြုနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်

 

 

နေပြည်တော် စက်တင်ဘာ ၁၄ 


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူ များနှင့်အတူ ပြင်ဦးလွင်မြို့နယ် ပေပင်အုပ်စု ညောင်ပေါကျေးရွာ သို့  ရောက်ရှိပြီး  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး  လုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့်   အကောင် အထည်ဖော်   ဆောင်ရွက်လျက် ရှိသည့်   ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု  အခြေ အနေအားလည်းကောင်း၊ စိုးမိုး အိုင်ကျေးရွာ    ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းဆောင် ရွက်နေမှုကို      လည်းကောင်း၊ ညောင်နီကျေးရွာ စိန်ဒေါင်းလေး ကော်ဖီခြံနှင့် ရထားလုံး သဘာဝ ကော်ဖီထုတ်လုပ်မှု  လုပ်ငန်းသို့ လည်းကောင်း၊  ပင်တီးကျေးရွာ ဂါလန်  ၂၄၀၀  ဆံ့   ရေစင်နှင့် (၁၀’ x ၈’ x ၈’)   ရေစက်ရုံတည် ဆောက်ခြင်းလုပ်ငန်းသို့  လည်း ကောင်း    ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ    ကျေးရွာသားများ အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအား တက်ကြွစွာ ပူးပေါင်း   ဆောင်ရွက်ကြစေလို ကြောင်းနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုး ရေးလုပ်ငန်းများကို တန်ဖိုးထား၍ ရေရှည်တည်တံ့     ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံအဆောက် အအုံ လိုအပ်ချက်များ၊ စီးပွားရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း     ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင် မြို့နယ်  သမဝါယမအသင်းစု၏ ဓာတ်မြေဩဇာနှင့်  စိုက်ပျိုးရေး သုံး    ပစ္စည်းအရောင်းဆိုင်ကို ကြည့်ရှုစစ်ဆေးပြီး   အိုအေစစ် ဧည့်ရိပ်မွန်တွင်   တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ် သမဝါယမအသင်းစုမှ  တာဝန် ရှိသူများ၊ သမဝါယမအသင်းသား များနှင့်   တွေ့ဆုံပြီး  သမဝါယမ လုပ်ငန်းများ   ပိုမိုဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေး   အလေးထား ဆောင်ရွက်ကြရန်နှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအား           သမဝါယမစနစ် ဖြင့်   အထောက်အကူပြုနိုင်ရေး ဝိုင်းဝန်း       ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ကျေးလက်ဒေသ     ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး ၌ ၂၀၂၀- ၂၀၂၁   ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရရှိရေး  လုပ်ငန်း ၁၇၈ ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၂၆   လမ်း  (၃၃ မိုင်  ၅  ဖာလုံ)၊ ကျေးလက်  ကုန်ထုတ်တံတား ၄၈ စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစီမံကိန်း VDP (၃၀၆) ရွာ၊    ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ၂၂၄ ရွာနှင့် မြစိမ်း ရောင်ကျေးရွာစီမံကိန်း ၄၇ ယူနစ်  ရွာ   (၅၀) များအား  အကောင် အထည်ဖော်    ဆောင်ရွက်ပေး ခဲ့ပြီး   အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ အနေဖြင့်  ၅၁   ကြိမ်    ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ကြောင်း      သိရ သည်။ 
သတင်းစဉ်