ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားလာမည်

နေပြည်တော်   ဇန်နဝါရီ   ၁၆    


ကျေးလက်ဒေသများ  လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ  လူမှုရေး၊ စီးပွားရေးနှင့်  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ    မြင့်မားလာမည် ဖြစ်သကဲ့သို့ ဒေသဆိုင်ရာရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။


ဘုရားဖြူချောင်းကူးကွန်ကရစ်တံတားဖွင့်ပွဲဇန်နဝါရီ  ၁၅ ရက်   နံနက်ပိုင်းက  ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် အိုးဘို အုပ်စု၌ (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အကြို ဘုရားဖြူချောင်းကူးကွန်ကရစ်တံတား ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။    


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါတံတားဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်းရှိ ထွက်ကုန်သီးနှံကုန်ပစ္စည်းများ  အချိန်တိုအတွင်းရောင်းဝယ်ဖောက်ကားနိုင်မည်ဖြစ်ကာ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တံတားရေရှည်တည်တံ့ခိုင်မြဲ စေရေး   ဒေသခံပြည်သူများ   ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်      တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့်   တာဝန်ရှိသူများက    ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါတံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။


အဆိုပါ ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတား သည် အရှည်ပေ ၂၈၀၊   အကျယ်ပေ ၂၀  သံကူ ကွန်ကရစ်တံတားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးညိုမြို့နယ် မယင်းငယ်ရွာ တောင်သူ ဦးစိုးသန့်ခိုင်၏  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့မှုဖြင့်   ဆီထွက်သီးနှံ   နေကြာသီးညှပ်           စိုက်ပျိုးအောင်မြင်နေမှုကို လည်းကောင်း၊   မင်းလှ မြို့နယ်   ပန်းဇံမြောင်း   မုက္ခာချောင်းဟောင်းနှင့် ချောင်းသစ်ထိပ်ရေတံခါးများ   တပ်ဆင်ပြီးစီးမှုကို လည်းကောင်း   သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား    လိုအပ်သည်များမှာကြားခဲ့ ကြောင်း သိရသည်။                          

  သတင်းစဉ်