
ကော့သောင်း ဖေဖော်ဝါရီ ၁၃
ကော့သောင်းမြို့၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှု ဖြစ်စဉ်များ ပြန်လည် ဖြစ်ပေါ်လာနေသဖြင့် ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကွင်းဆက်ဖြတ်တောက်ထိန်းချုပ်နိုင်ရေးအတွက် မိုဘိုင်း အသွင်သဏ္ဌာန်ဖြင့် ရပ်ကွက်များ အတွင်း RTD ဖြင့် လှည့်လည်စစ် ဆေးဖော်ထုတ်ခြင်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၁၃ ရက်က အေးမြကန်သာရပ်ကွက် ဗိုလ်ချုပ် လမ်းတွင် ပါးစပ်၊ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေကြသည့် မြို့နေပြည်သူများအား ရှောင် တခင် ကွင်းဆင်းစစ်ဆေးသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့၊ ပရဟိတအဖွဲ့များက မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့များ၏ အကူအညီဖြင့် ကော့သောင်းမြို့၏ အဓိက လမ်းမကြီးများပေါ်တွင် ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွား လာနေကြသည့် ဆိုင်ကယ်၊ မော်တော်ကားများကို ရပ်တန့် စေပြီး Antigen repid test kit (RTD)ဖြင့် စစ်ဆေးကာ ရောဂါပိုး မတွေ့ရှိသူများကို ဒဏ်ငွေတပ်ရိုက်ခြင်း၊ ပိုးတွေ့ ရှိပါက ဆေးကုသမှုခံယူစေခြင်း များကို တင်းကျပ်စွာ အရှိန် အဟုန်မြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
အဓိကအားဖြင့် ရပ်ကွက်များ ထဲတွင် ရောဂါလက္ခဏာမပြဘဲ သာမန်လူများကဲ့သို့ သွားလာလှုပ် ရှားနေခြင်းသည် ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက်ဖြစ်ပေါ် စေနိုင်သဖြင့် ကိုဗစ် - ၁၉ ရောဂါ ပိုးရှိနေသူများကို ဖော်ထုတ်ကာ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက် ကို ဖြတ်တောက်ထိန်းချုပ်နိုင် ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယနေ့ ကွင်းဆင်းစစ်ဆေးမှုတွင် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များကို မလိုက်နာ ဘဲ လမ်းပေါ်တွင် သွားလာနေကြ သည့် မြို့နေပြည်သူ ၁၃၈ ဦးအား ရှောင်တခင် စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်စိုး
(ကော့သောင်း)