
ကော့သောင်း မေ ၅
(၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကော့ သောင်းမြို့ မြို့နယ်မီးသတ်တပ်ဖွဲ့ စခန်း ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် (၇၆) နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ငြိမ်းဦးနှင့် တာဝန်ရှိသူများက ရာထူးတိုးမြှင့် ခံရသည့် တပ်ဖွဲ့ဝင်တစ်ဦးအား ရာထူးအဆင့်တံဆိပ် တပ်ဆင် ချီးမြှင့်ပေးပြီး ခရိုင်အဆင့် မီးသတ် ကျင့်ဝတ် ပထမဆုရရှိသည့် တပ်ဖွဲ့ဝင်တစ်ဦး၊ ခရိုင်အဆင့် အိမ်ထောင်သည်လိုင်းခန်းဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ လုပ်သက် (၂၅) နှစ်ပြည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကော့သောင်း မြို့နယ် မာရမ်းကျေးရွာ နယ်မြေ မီးသတ်စခန်း အဆောက်အအုံ တည်ဆောက်ရန် မြေနေရာ လှူဒါန်းပေးသည့် အလှူရှင်တို့ အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ ကာ ခရိုင်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး က အမှာစကားပြောကြားကြောင်း သိရသည်။
ကျော်စိုး( ကော့သောင်း)