ကော့သောင်းမြို့ ဘုရင့်နောင်အငူလမ်းတစ်လျှောက်၌ နှစ်သစ်ကြိုဆိုသူများ စည်ကား

 

ကော့သောင်း  ဇန်နဝါရီ  ၁ 


ကော့သောင်းမြို့၏   သမိုင်းဝင် နေရာတစ်ခုဖြစ်သည့် ဘုရင့်နောင် အငူ(Victoria Point)  ဆိပ်ကမ်း သာလမ်းတစ်လျှောက်၌  ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက   နိုင်ငံတကာ နှစ်သစ်ကူးနေ့ကို ကြိုဆိုကြသည့်  မြို့နေပြည်သူများဖြင့် အေးချမ်း စည်ကားခဲ့သည်ကို တွေ့ရသည်။ 

 


ကော့သောင်းမြို့  ဘုရင့်နောင် အငူသည်  ပါချန်မြစ်ဝမှတဆင့် တစ်ဖက် ထိုင်းနိုင်ငံသို့ လှမ်းမြင်ရ သည့်အပြင်   သာယာလှပသည့် ပင်လယ်ရှုခင်းများကြောင့် မြို့သို့ လာရောက်   လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ     ခရီးသွား ဧည့်သည်များ      အမှတ်တရ ဓာတ်ပုံရိုက်    မှတ်တမ်းတင်ကြ သည့်  နေရာတစ်ခုဖြစ်ပြီး   မြို့ခံ ပြည်သူများလည်း     အပန်းဖြေ အနားယူခြင်း၊     ကျန်းမာရေး လေ့ကျင့်ခန်းများ  ပြုလုပ်ခြင်းဖြင့် အစဉ် စည်ကားလေ့ရှိသောနေရာ လည်း ဖြစ်သည်။

 


ဘုရင့်နောင်အငူ    နေရာတွင် မြို့နယ်       စည်ပင်သာယာရေး ကော်မတီ၏    ကြီးကြပ်မှုဖြင့် ပတ်လမ်း      ပလက်ဖောင်းနှင့် အပန်းဖြေနားနေရန်  နေရာများ ပြုလုပ်ခြင်း၊ ကြွေပြားခင်း  အလှ ဆင်ခြင်း၊    လမ်းမီးတိုင်များဖြင့် အလှဆင်ခြင်းများ     ပြုလုပ်ပြီး မြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊    မြို့နေ ပြည်သူများ   စိတ်အေးချမ်းစွာ အပန်းဖြေနိုင်ရန်    ဆောင်ရွက် ပေးထားရာ    နှစ်သစ်ကူးနေ့အကြို ညပိုင်းတွင်လည်း    မြို့နေပြည်သူ မိသားစုများ၊     လူငယ်လူရွယ် အစုအဖွဲ့များအလိုက်    အနားယူ အပန်းဖြေကြရင်း    နှစ်သစ်ကူး သည့်အချိန်ကို အေးချမ်းစည်ကား စွာ ကြိုဆိုခဲ့ကြသည်။


ကျော်စိုး (ကော့သောင်း)