ကော့သောင်းဒေသသည် လုပ်လျှင်လုပ်သလောက် ဖွံ့ဖြိုးတိုးတက်နိုင်ပြီး ဖွံ့ဖြိုးမှုမြန်ဆန်သောဒေသဖြစ်၍ ကောင်းမွန်သောဒေသ၏ အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စုပေါင်းစွမ်းအားဖြင့် ကြိုးစားဆောင်ရွက်ပါက အောင်မြင်တိုးတက်မှု မလွဲမသွေရရှိမည်

 

နေပြည်တော်   မေ   ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်        ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ် မှူးကြီး  စိုးဝင်း သည်     ယနေ့  နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ  မဉ္ဇူသကခန်းမ၌  ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံအမှာ စကား ပြောကြားသည်။ 

 


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်   ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ် ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ     ဒုတိယဗိုလ်ချုပ်ကြီး  အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊  ကော့သောင်းမြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး


ဦးစွာ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးအောင်က   အုပ်ချုပ်ရေး၊  စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာအခြေအနေများအား ပါဝါပွိုင့်ဖြင့်    ရှင်းလင်းတင်ပြပြီး  တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကိုက  လိုအပ်သည်များ        ဖြည့်စွက်ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များ မေးမြန်းပြီး     လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

 


ထို့နောက်   တက်ရောက်လာကြသည့်  ခရိုင်/ မြို့နယ်အဆင့်   ဌာနဆိုင်ရာမှ  တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။

 


ပိုမိုထိရောက်စွာဆောင်ရွက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကား ပြောကြားရာတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်လမ်းညွှန်ထားသော အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို သိရှိနိုင်ရန်နှင့် လိုအပ်ချက် များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ပေါ်တိုးတက်မှုများအရ နိုင်ငံ ၏ လိုအပ်သောနေရာများတွင် ခရိုင်အဆင့် တိုးချဲ့ ဖွဲ့စည်းခဲ့ရာ ဘုတ်ပြင်းမြို့ကိုလည်း ခရိုင်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့်    အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ  အဆင်ပြေ ချောမွေ့စွာဖြင့်  ပိုမိုထိရောက်စွာ  ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်ချမှတ်၍ နိုင်ငံတော်လုပ်ငန်း တာဝန်များ အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မေ ၁ ရက်တွင် ၁ နှစ်နှင့်  ၃ လပြည့်ခဲ့ပြီး ဖြစ်ကြောင်း၊        နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်    အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊    နိုင်ငံရေး   ရည်မှန်းချက် အဖြစ်   ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို  အခြေခံသည့် ပြည်ထောင်စုစနစ်  ထူထောင်ရေးတို့ကို  ချမှတ်၍ အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊   မြင်သာသော   ဆောင်ရွက်မှုအနေဖြင့် ကိုဗစ်-၁၉    တတိယလှိုင်းကို    အချိန်တိုအတွင်း ထိခိုက်မှုအနည်းဆုံးဖြင့်       ဖြတ်ကျော်နိုင်ခဲ့မှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၏     ပြယုဂ်တစ်ခု ဖြစ်သည့် စိန်ရတုပြည်ထောင်စုနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ တတိယ လှိုင်းကာလတွင်   နိုင်ငံတော်၏   ကျန်းမာရေးစနစ် ပြိုလဲကာ တည်ဆဲအစိုးရအတွက် အကျပ်အတည်း ဖြစ်စေ၍  အစိုးရပြုတ်ကျသည်အထိ ရည်ရွယ်ချက် ဖြင့်   ဘက်ပေါင်းစုံမှ   ထိုးနှက်ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ တည်ငြိမ်မှုကို မလိုလားသည့် ပြည်တွင်း အကြမ်းဖက်အဖွဲ့များကလည်း     မီဒီယာများမှ တစ်ဆင့် အမျိုးမျိုးသောဝါဒဆိုးများဖြန့်ခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှု နည်းမျိုးစုံဖြင့် မက်လုံးပေး   ဆွဲဆောင်မှုတို့ကြောင့်    ကျန်းမာရေး ဝန်ထမ်းများအပါအဝင်  နိုင်ငံဝန်ထမ်းအချို့  CDM လှုပ်ရှားမှုတွင်   ပါဝင်နေသော   အချိန်ဖြစ်ကြောင်း၊ အခက်အခဲအမျိုးမျိုး၊ အကျပ်အတည်းအမျိုးမျိုးကြား မှ တာဝန်သိသစ္စာရှိဝန်ထမ်းများနှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့်    နိုင်ငံတော်ဝန်ကြီးချုပ်၏ လူအသက်ထက် အရေးကြီးသည်မှာ မည်သည့်အရာ မရှိဟု ခံယူလျက် လမ်းညွှန်ချက်အတိုင်း ကိုဗစ်-၁၉ တတိယလှိုင်းကို   အချိန်တိုအတွင်း   အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့၍ WHO အပါအဝင် နိုင်ငံအများစု ကပင်    အံ့ဩခဲ့ရကြောင်း၊    ထို့အပြင်   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုကို မှတ်တမ်းတင်သည့် VMIS ဖြည့်သွင်းမှုစနစ်ကို တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများက အကောင်းဆုံးပုံစံတွင် တစ်ခုအပါ အဝင်အဖြစ်     အသိအမှတ်ပြုမှုအပေါ်    နိုင်ငံ၏ ဂုဏ်ယူစရာအဖြစ် တွေ့နိုင်ကြောင်း၊ အလားတူ ၂၀၂၂ ခုနှစ်     ဖေဖော်ဝါရီ ၁၂ ရက်တွင်    ကျရောက်သည့်  စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား  ကျင်းပခဲ့မှု တွင်  တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်    ပြည်သူလူထုတို့၏ ပေါင်းစည်းစွမ်းအားဖြင့်      စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု၏ ဒေသအလိုက် ထင်ရှားသော      အမှတ်အသားအထိမ်းအမှတ်နှင့် ထုတ်ကုန်များ၊   ရိုးရာယဉ်ကျေးမှု  အဆိုအကများ ဖြင့်    ပြည်ထောင်စုစိတ်ဓာတ်ကို  ဖော်ထုတ်နိုင်ခဲ့ ကြောင်း၊   တစ်နည်းအားဖြင့်   အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုများကြားကပင် စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ခြင်းဖြစ်၍ မှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်း။ 

 


အကူအညီများရရှိခဲ့


လက်ရှိတွင်   ကိုဗစ်-၁၉     စတုတ္ထလှိုင်းကို တတိယလှိုင်းတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအရ  ပြင်ဆင်မှုဖြင့်  ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊   ၂၀၂၂  ခုနှစ်     ဧပြီ ၃၀ ရက်အပြီး  အသက် ၁၈ နှစ်အထက်  ပြည်သူ အားလုံး ရာခိုင်နှုန်းပြည့် ကာကွယ်ဆေးထိုးနှံပြီးစီး ရေး ရည်မှန်းကာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊  ဆေးရရှိရေး  အရန်နိုင်ငံခြားငွေကြေးမှ  ဝယ်ယူရန် ကြိုးပမ်းသကဲ့သို့ မိတ်ဆွေနိုင်ငံများမှလည်း အကူ အညီများ ရရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါကူးစက်မှုများ နေ့စဉ်အမျှ ဖြစ်ပေါ်နေသော် လည်း မိမိတို့နိုင်ငံတွင် ဧပြီ ၃၀ ရက်  စာရင်းဇယားအရ  နိုင်ငံလုံး    ကိုဗစ်ဖြစ်ပွားမှု  ၁၉ ဦး၊    ၀ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိပြီး  သေဆုံးသူမရှိသည်ကို  တွေ့ရှိရ ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ကြောင်း၊ ကျန်ရှိသူများအပြင် အသက် ၅ နှစ် အထက် ကလေးသူငယ်များကာကွယ်ဆေးထိုးနှံမှုကိုလည်း ဆက်လက်ဆောင်ရွက်နိုင်ရန် စီမံလျက်ရှိ ကြောင်း ပြောကြားသည်။

 


အားလုံးပူးပေါင်းဆောင်ရွက်


ဆက်လက်၍        ရှေ့လုပ်ငန်းစဉ်  (၅)  ရပ်ပါ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ       ကိစ္စရပ်များနှင့် 
ပတ်သက်၍ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်မှု များ    ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊    ကိုဗစ်-၁၉ ကြောင့် အဘက်ဘက်မှ ယိုင်လဲခဲ့ရသည့် နိုင်ငံစီးပွား ရေးကို    ပြန်လည်တည့်မတ်အောင်    ဆောင်ရွက်မှု အနေဖြင့်  ကမ္ဘာ့နိုင်ငံအားလုံးခံစားရသော   ထိခိုက်မှု ဖြစ်၍      နိုင်ငံတော်တွင်လည်း     ထိခိုက်မှုများ ရှိခဲ့ပြီး   အတိုင်းအတာတစ်ခုအထိ  တစ်မျိုးသားလုံး  အသားတင်ထုတ်လုပ်မှုနှင့်    GDP  တိုးတက်ရေး ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊    နိုင်ငံတော်ရှိ   မြေသယံဇာတ၊ ရေသယံဇာတအခြေခံကောင်းများကို   အသုံးချ၍ လုပ်သင့်လုပ်ထိုက်သည်များကို ဝိုင်းဝန်း လုပ်ဆောင်ခြင်းဖြင့်       ပုံမှန်ထက်တိုးတက်မှုကို  ပြန်လည်ရနိုင်မည်ဖြစ်ကြောင်း၊   ၂၀၂၃  ခုနှစ်တွင်   လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက် ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် အချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊  ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခြင်း၊ တစ်ကြိမ်ထက်ပို၍  မဲပေးခြင်း စသော မဲလိမ်မဲခိုးမှု၊ မဲမသမာမှုများကြောင့် တရားမျှတသည့် ရွေးကောက်ပွဲ  မဖြစ်ခဲ့သဖြင့်  လက်ရှိအခြေအနေ ရောက်ရှိခဲ့ခြင်းဖြစ်ရာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ  ကျင်းပနိုင်ရန်အတွက်  ဆောင်ရွက် လျက်ရှိသော ပန်းခင်းစီမံချက်တွင် အားလုံးပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊   မဲပေးခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ် ရှိနေရမည်ဖြစ်၍ မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင် နှင့်   မဲစာရင်းများ   မှန်ကန်ရေးအတွက်   လူဝင်မှု ကြီးကြပ်ရေးနှင့်            ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊   ပြည်တွင်း ကွန်ပျူတာပညာရှင်များ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်  တာဝန်ရှိသူများက  ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ တစ်ဦးတည်း ဆောင်ရွက်၍  မရသော လုပ်ငန်းဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ နှင့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်  တိုးတက်ရန်လိုကြောင်း၊ နိုင်ငံတွင် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းခန့် ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်းပြုနေကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးအနေဖြင့် ဆီအုန်း အဓိကစိုက်ပျိုးလျက်ရှိသည့် အပြင်   ကိုကိုးကဲ့သို့သော   အပိုဝင်ငွေရရှိနိုင်သည့် သီးညှပ်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ နည်းပညာနှင့်သွင်းအားစု များရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆီထုတ်လုပ်ရာတွင်လည်း     ဆီကြမ်းမှ ဆီချောအထိ ဒေသတွင်း၌   ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်ရန် လိုကြောင်း၊  အလားတူ   ကော့သောင်းဒေသသည် ရေလုပ်ငန်း၊   ခရီးသွားလုပ်ငန်း၊   ထူးခြားဆန်းပြား သော ငါးသယံဇာတများနှင့် တန်ဖိုးမဖြတ်နိုင်သည့် သန္တာကျောက်တန်း စသည်ဖြင့် စီးပွားရေးကဏ္ဍ အတွက် အခြေခံကောင်းများရှိကြောင်း၊ ထွက်ကုန် များအား ပြည်ပပို့ရာတွင် ရရှိသည့်ကုန်ကြမ်းအတိုင်း ရောင်းချသည်ထက်   တန်ဖိုးမြင့််ထုတ်ကုန်  (Value added)   ပြုလုပ်ရောင်းချရန်လိုကြောင်း၊ သို့မှသာ တစ်ဦးချင်းဝင်ငွေတိုးတက်မှုမှတစ်ဆင့် ဒေသစီးပွား ရေး    ကောင်းမွန်ပြီး     နိုင်ငံတော်အတွက်လည်း အခွန်အခများ ပိုမိုရရှိကာ  ၎င်းဝင်ငွေများမှ  နိုင်ငံ ဝန်ထမ်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအလိုက်၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းများကို ပိုမိုခွဲဝေပေးနိုင်မှာဖြစ်သည့်အပြင်    နိုင်ငံတော်၏ အရန်ငွေကြေးမှာလည်း     တိုးတက်လာမည်ဖြစ် ကြောင်း၊  စက်သုံးဆီနှင့်ပတ်သက်၍  နိုင်ငံတကာ အရေးအရာများကြောင့်   ကမ္ဘာတွင်   ဆီဈေးများ တည်ငြိမ်မှုမရှိဘဲ ဈေးနှုန်းမြင့်တက်မှုများ ရှိကြောင်း၊ ပြည်တွင်းဆီထုတ်လုပ်မှုမှ လောက်ငှမှုမရှိ၍ ပြည်ပ မှ အရန်နိုင်ငံခြားငွေဖြင့်  မှာယူတင်သွင်းရသဖြင့် တတ်နိုင်သရွေ့    ခြိုးခြံချွေတာရန်   လိုကြောင်း၊ အလားတူ စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်းဖူလုံမှု မရှိသဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းနေရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် အဓိကစိုက်ပျိုးနေ သော ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းမှ တိုင်းဒေသကြီး အတွင်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး မှ တစ်နိုင်ငံလုံး ဆီဖူလုံရေး စီမံကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေ အရွယ်ကလေးသူငယ်အားလုံး (kg+9)ကို အခြေခံ တတ်မြောက်ရန်လိုကြောင်း၊(kg+9)တတ်မြောက် မှသာ Vocational training သင်ကြား၍ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများသို့      ကူးပြောင်းခြင်းကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။ 

 


နေထိုင်ပြုမူဆက်ဆံ


ကျန်းမာရေးနှင့်ပတ်သက်၍  လူတစ်ဦးချင်း၏ စားသောက်နေထိုင်မှုများ ကျန်းမာရေးနှင့်ကိုက်ညီမှု ရှိစေရေးအတွက်   ပြည်တွင်းထုတ်ကုန်၊   ပြည်ပ သွင်းကုန်များကို      အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မူဝါဒနှင့်တည်ဆဲဖြန့်ချိမှုပါအတိုင်း ပြည်သူအားလုံး သိရှိအောင် အသိပညာပေးဖြန့်ဝေခြင်းများ ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊  ဆက်လက်၍  ၂၀၂၂ ခုနှစ်ကို     ငြိမ်းချမ်းရေးနှစ်အဖြစ်    သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်      ငြိမ်းချမ်းရေး အတွက်     ကိုယ်တိုင်တွေ့ဆုံ    ဆွေးနွေးမည်ဖြစ်ပြီး ကြိုတင်ကန့်သတ်ချက်မထားဘဲ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရန်    ဧပြီ ၂၂ ရက်တွင်    ဖိတ်ခေါ်ခဲ့ ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက် ပွဲ  ကျင်းပနိုင်ရန်မှာ   ငြိမ်းချမ်းနေရန်လိုကြောင်း၊ကော့သောင်းမြို့သည်နိုင်ငံ၏     တောင်ဘက်စွန်း နယ်စပ်မြို့ဖြစ်၍ ဝန်ထမ်းများနှင့် ပြည်သူများအနေ ဖြင့် နိုင်ငံကြီးသားပီသသော အလေ့အထကောင်း များဖြင့်     နေထိုင်ပြုမူဆက်ဆံကြရန်  လိုကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့်လုပ်ရပ်များ ရှောင်ရှားရန်လိုကြောင်း၊  ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁ ပါ   နိုင်ငံတော်၏  နိုင်ငံခြားရေးမူဝါဒကို   သိရှိ လိုက်နာနေရန်လိုကြောင်း၊ အလားတူ ဝန်ထမ်းများ အနေဖြင့်   ဒေသ၏   ရေ/ မြေ သယံဇာတများကို တရားမဝင်သောနည်းလမ်းများဖြင့် အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဒေသခံများနှင့် ပူးပေါင်းထိန်းသိမ်း ကြရန်လိုကြောင်း၊ ဝန်ထမ်းအားလုံးအနေဖြင့် ဒေသ၊ နိုင်ငံတော်အကျိုးအတွက်  ကဏ္ဍအလိုက်  ဥပဒေ လုပ်ထုံးလုပ်နည်းမူဘောင်အတွင်းမှ ကိုယ်ကျိုး မကြည့်ဘဲ    စေတနာရှေ့ထား၍မှန်ကန်မြန်ဆန်စွာ ဖြင့်  ပြည်သူတို့၏   လိုအပ်ချက်များကို   အကျိုး ဆောင်ပေးရန်လိုကြောင်း၊        ၎င်းသည်ပင်     ပြည်သူများ  ထည့်ဝင်ထားသည့်    အခွန်အခမှတစ်ဆင့်    လစာ အဖြစ်    ရယူနေရသော   ဝန်ထမ်းများအနေဖြင့် ပြည်သူကို ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်ကြောင်း၊ ကော့သောင်းဒေသသည် လုပ်လျှင်လုပ်သလောက် ဖွံ့ဖြိုးတိုးတက်နိုင်ပြီး  ဖွံ့ဖြိုးမှုမြန်ဆန်သော  ဒေသ ဖြစ်၍ ကောင်းမွန်သောဒေသ၏ အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စုပေါင်းစွမ်းအားဖြင့် ကြိုးစား ဆောင်ရွက်ပါက အောင်မြင်တိုးတက်မှု မလွဲမသွေရရှိမည်ဖြစ်ကြောင်းဖြင့်  ပြောကြားသည်။

 


မြို့မိမြို့ဖများအား တွေ့ဆုံ


ဆက်လက်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များနှင့်အတူ တပ်နယ်ရိပ်သာဧည့်ခန်းမ၌     ကော့သောင်းမြို့ရှိ မြို့မိမြို့ဖများအား   တွေ့ဆုံ၍  စီးပွားရေးလုပ်ငန်း များ     ဆောင်ရွက်ရာတွင်     မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊  စီးပွားရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်းမှ   မှန်မှန်ကန်ကန် လုပ်ကိုင် ဆောင်ရွက်ရန်        လိုအပ်သည့်အခြေအနေများ၊ လုပ်ငန်းလုပ်ကိုင်ရာတွင်    မှန်ကန်စွာ  လုပ်ကိုင်၍ သတ်မှတ်အခွန်ငွေ မှန်ကန်စွာပေးရန် လိုအပ်သည့် အခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန် များကို ကုန်ကြမ်းအစား တန်ဖိုးမြင့်ထုတ်ကုန်အဆင့် အထိ  ထုတ်လုပ်ရောင်းချရန်   လိုအပ်သည့်အခြေ အနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်း စနစ်ဖြင့် ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး လေဆိပ်နှင့် ဆိပ်ကမ်းများအား  အမြင်တင့်တယ် ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်ရမည့်အခြေအနေ များအား   ဆွေးနွေးပြောကြားပြီး   တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ဆလုံမိသားစုဝင်များအား   တွေ့ဆုံ


ထို့ပြင်   ယနေ့မွန်းလွဲပိုင်းတွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည်     အဖွဲ့ဝင်များနှင့်အတူ     ဇာဒက်ကြီးကျွန်း ဆလုံကျွန်းကျေးရွာသို့    သွားရောက်၍   ကျေးရွာ ဘိုးဘွားရိပ်သာ၌ ဒေသခံဆလုံလူမျိုးအဘိုးအဘွား များနှင့်   ဆလုံမိသားစုဝင်များအား   တွေ့ဆုံကာ နှုတ်ခွန်းဆက်စကား  ပြောကြားပြီး   ဆလုံအဘိုး အဘွားများအတွက်  အာဟာရဖြည့်  စားသောက် ဖွယ်ရာများ၊ ဆလုံမိသားစုဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ   ပေးအပ်ရာ   ဆလုံလူမျိုး အဘွားတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် ဆလုံလူမျိုးရိုးရာ  အထိမ်းအမှတ်ပစ္စည်းအား တာဝန် ရှိသူတစ်ဦးက     ပြန်လည်ပေးအပ်ရာ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က    လက်ခံရယူပြီး   ဆလုံအဘိုး အဘွားများနှင့်   ဆလုံလူမျိုးများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 


သွားရောက်ဖူးမြော်ကြည်ညို


ဆက်လက်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ဇာဒက်ကြီးကျွန်း         ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မိကသာရအား သွားရောက်ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်