ခင်သန်းမြင့်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန် ကျောင်းသားကျောင်းသူများ။
“မောင်ပြည့်မောက် (Grade-10)၊ မသန့်ရတီအောင်(Grade-10)၊ မအိမ့်ခွန်းသံစဉ် (Grade-9)”။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ဥပစာရှေ့မှာ ကျောင်းရဲ့ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များ အဖြစ် ခန့်ခန့်ညားညား ဂုဏ်ပြုဖော်ပြထားတဲ့ မှတ်တမ်းဓာတ်ပုံ ဗီနိုင်းဘုတ်ကြီးကို ကျွန်မ ဖြတ်သွားဖြတ်လာပြုတိုင်း တခုတ်တရ ကြည့် ဖြစ်အောင် ကြည့်မိတယ်။
ဗိုလ်တထောင်(၅)ဆိုတာ ရန်ကုန်မြို့လယ်မှာရှိတဲ့ကျောင်းတစ်ကျောင်းဖြစ်တော့ ကျောင်းဥပဓိရုပ် အနေနဲ့ကပြောစရာမရှိအောင် ဝင့်ထည်ပြီးသား။ ပင်ကိုမူလ ဝင့်ထည် ပြီးသား ကျောင်းအဆောက်အအုံ ဥပစာရှေ့မှာ ကျောင်းရဲ့ဂုဏ်ဆောင်လူရည်ချွန် မောင်မယ်တွေကို ဂုဏ်ပြုဖော်ပြထားပြန်တော့ ကျောင်းရဲ့ဥပဓိရုပ်က ပိုလို့ခန့်ညားထည်ဝါလာ တယ်လို့ ဆိုရမယ်။
“မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်” ဆိုတဲ့ ကျွန်မတို့ငယ်စဉ်က ကျောင်းမှာ ရွတ်ဆိုခဲ့ဖူး တဲ့ ကျောင်းကောင်စီသီချင်းသံကို နားထဲပြန်လည် ကြားယောင်မိလာတယ်။
အလံတိုင်ထိပ်မှာပြည်ထောင်စုအလံတော်က ပြည်ထောင်စုအလံတော်က တလူလူတလွင့်လွင့်
ကျွန်မတို့ငယ်ငယ်က ကျောင်းသားတိုင်း ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ဆိုတဲ့ အသင်းတစ်ခုဆီမှာ ပါဝင်ကြရတယ်။ ကျောင်းရှေ့မှာ အလံတိုင်ရှိ တယ်။ အလံတိုင်ထိပ်မှာ ပြည်ထောင်စုအလံတော်က တလူလူတလွင့်လွင့် ဝင့်ကြွားနေတယ်။ ပြည်ထောင်စုအလံရဲ့အောက် အနည်းငယ်နိမ့်လျက် ဘေးတစ်ဖက်တစ်ချက် မှာရောင်စုံ အလံလေးတွေရှိကြတယ်။ ကျောင်းမှာ ဖွဲ့စည်းထားတဲ့အသင်းလေးသင်းကို ကိုယ်စားပြုတဲ့ အလံလေးတွေ ဖြစ်ပါတယ်။
အဝါရောင်အလံက ကျန်စစ်သား၊ အစိမ်းရောင် အလံက ဘုရင့်နောင်၊ အနီရောင်အလံက အလောင်း ဘုရား၊ အပြာရောင်က ဗန္ဓုလအသင်းအသီးသီးကို ကိုယ်စားပြုပါတယ်။ ဒီအလံလေးခုရဲ့တစ်ဖက်မှာ တစ်ခုတည်း လေမှာလွင့်နေတဲ့ အလံလေးက တစ်နေ့တာအတွက် တာဝန်ကျအလံ ဖြစ်ပါတယ်။
တာဝန်ကျအသင်းက ကျောင်းသားကျောင်းသူ များက မနက်စောစောကျောင်းလာပြီး သောက်ရေ ခပ်ကြရတယ်။ ရေလောင်း၊ အမှိုက်လှည်းစတဲ့ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးတွေ လုပ်ကြရတယ်။ ကျောင်းတံခါးပေါက်တွေ ဖွင့်ကြ ရတယ်။ တစ်နေ့တာအတွင်း ကျောင်းရဲ့လုပ်စရာ ကိုင်စရာ လိုအပ်တာများကို တာဝန်ယူဆောင်ရွက် ကြရတယ်။ ညနေကျောင်းဆင်းပြီးလို့ ကျောင်းတံခါး ပိတ် အလံချပြီးမှ တစ်နေ့တာတာဝန် ကုန်ဆုံးပါ တယ်။
ကျောင်းသားတိုင်း ကိုယ့်အသင်းအလံ အောက် မကျရေး၊ ထိပ်ဆုံးမှာ ရောက်ရှိနေရေးအတွက် ကြိုးစားကြရတယ်။ တာဝန်ကျတဲ့ ကျောင်းသား အတွက် အမှတ်ရသလိုတာဝန် မကျေတဲ့ ကျောင်းသားအတွက် အမှတ်လျှော့ခံရတယ်။ ဆရာ ဆရာမတွေက မှတ်တမ်းစာအုပ်ကိုယ်စီကိုင်ပြီး နေ့စဉ်အမှတ်ပေးကြတယ်။ အတန်းအလိုက် ဘာသာရပ်တိုင်းမှာရတဲ့အသင်းလိုက် အမှတ်တွေကို ဆရာ ဆရာမက စုပြီးပေါင်းကြတယ်။ အားကစား အတွက် ရမှတ်တွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းမှ ရမှတ်တွေ၊ ကောင်းသောစံနမူနာပြဖြစ်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ရမှတ်တွေကို ထပ်ပြီး ပေါင်းတယ်။ အပြစ်ကျူးလွန်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် လျှော့မှတ်တွေကိုနုတ်ပါတယ်။
နောက်တစ်နေ့မှာ အမှတ်အနည်းအများ အလိုက် အသင်းရဲ့အလံတွေကို လွှင့်ထူတယ်။ အမှတ်အများဆုံးရတဲ့ အသင်းရဲ့အလံက ထိပ်ဆုံးမှာ ရောက်ပြီး အမှတ်အနည်းဆုံးဖြစ်တဲ့ အသင်းရဲ့ အလံကတော့ အောက်ဆုံးမှာ နေရတယ်။
ဒါကြောင့်မို့ ကျောင်းသားတွေက တစ်သင်းနဲ့ တစ်သင်း သူ့ထက်ငါနိုင်အောင် ပြိုင်ကြတယ်။ ကိုယ့်အတွက်သာမက ကိုယ့်အသင်းတွက်ပါ စာကျက်ရတယ်။ လေ့ကျင့်ခန်းမှန်အောင် လုပ်ရ တယ်။ အားကစားထူးချွန်အောင် ကြိုးစားရတယ်။ ဖွံ့ဖြိုးရေးအချိန်မှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရတယ်။ ကျောင်းချိန်မီအောင် လာကြရ တယ်။ ကျောင်းပျက်ရက်မရှိအောင် ကြိုးစားကြရ တယ်။ ကျောင်းကသတ်မှတ်ထားတဲ့ စည်းကမ်း တွေကို လိုက်နာကြရတယ်။ ကိုယ့်နေရာ ကိုယ့် အတန်းသန့်ရှင်းနေအောင် လှည်းကျင်းထားကြရ တယ်။
ကျောင်းတွင်း ကျောင်းပြင်ကြည့်လိုက်ရင် သန့်ရှင်းနေတယ်။ ဆရာ ဆရာမတွေက အစ အမှိုက်တစ်ပင်၊ စက္ကူတစ်စတွေ့တိုင်း စံနမူနာပြ ဖြစ်အောင် ကောက်ပြသွားတဲ့အတွက် ကျောင်းသား တွေက သူ့ထက်ငါ ဦးအောင် ကောက်ကြပြီး အမှိုက် ပုံးထဲထည့်ကြတယ်။ အမှိုက်ကောက်တဲ့ ကျောင်းသား အတွက် အမှတ်ရသလို အမှိုက်ချတဲ့ ကျောင်းသား ကိုလည်း အမှတ်လျှော့ပါတယ်။ သန့်ရှင်းရေး လုပ်ဆောင်ရာမှာ တစ်ဦးချင်း ပြိုင်ကြသလို၊ အသင်းချင်း၊ အတန်းချင်းပါ ပြိုင်ကြတယ်။ အသင်းလေးသင်း ကိုယ်စားပြုစိုက်ခင်းလေး ခုမှာ လည်း အညွန့်ချင်း၊ အပွင့်ချင်း၊ အသီးချင်းပြိုင်ကြပါ တယ်။
မိမိကျောင်းကို ခင်တွယ်တဲ့စိတ်နဲ့ အကောင်းဆုံးဖြစ်အောင် သြဝါဒပေးလေ့ရှိ
ဆရာ ဆရာမတွေကလည်း ကျောင်းသား ကျောင်းသူတိုင်း ကျောင်းမှန်မှန်တက်ဖို့၊ စာမှန်မှန် ကြိုးစားဖို့၊ ကျောင်းစည်းကမ်းကို လိုက်နာဖို့၊ အကျင့်စာရိတ္တနဲ့ပြည့်စုံတဲ့ ကျောင်းသားတွေ ဖြစ်အောင်ကြိုးစားဖို့၊ မိမိအတန်းကို သန့်ရှင်း သပ်ရပ်အောင် လှည်းကျင်းဖို့၊ အတန်းတွင်းရှိ ပရိဘောဂတွေကို မကျိုးပဲ့၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ သတ်မှတ်ထားတဲ့ အတန်းတွင်း စည်းကမ်းတွေကို လိုက်နာဖို့၊ အတန်း ဖော်အချင်းချင်း ရိုင်းပင်းကူညီဖို့၊ လိမ္မာယဉ်ကျေးတဲ့ လူကောင်းလူတော်တွေဖြစ်အောင် ကြိုးစားဖို့၊ မိမိ ပညာဆည်းပူးရာ ကျောင်းကို မြတ်နိုးခင်တွယ်တဲ့ စိတ်နဲ့အဘက်ဘက်မှ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြဖို့ ဆုံးမဩဝါဒပေးလေ့ရှိပါတယ်။
ငယ်စဉ်ကတော့ အပြည့်အဝ နားမလည်ခဲ့ပါဘူး။ အရွယ်ရောက်လာတော့မှ “အမျိုးသားစည်းကမ်း အစ စာသင်ကျောင်းက”ဆိုတဲ့အတိုင်း ဒီအလေ့ အကျင့်ကောင်း၊ အခြေခံကောင်းတွေဟာ နောင် တစ်နေ့ကြီးပြင်းလာတဲ့အခါ တိုင်းပြည်ရဲ့တာဝန်ကို အကောင်းဆုံးကျေပွန်အောင် ထမ်းဆောင်မယ့် နိုင်ငံသားကောင်းတွေ ဖြစ်လာစေဖို့ဆိုတာ သဘောပေါက်လာမိပါတယ်။
နိုင်ငံ့တာဝန်ထမ်းဆောင်ကြမယ့်သူတွေကို
စနစ်တကျလေ့ကျင့်ပျိုးထောင်လျက်ရှိ
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရခေတ်မှာလည်း လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေ၊ နိုင်ငံ့တာဝန်ကိုပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမယ့်သူတွေအဖြစ် ရည်မှန်းပြီး လူငယ်လူရွယ်တွေရဲ့ အကျင့်စာရိတ္တတွေ ကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်တွေရရှိ ပြီး တိုင်းပြည်ရဲ့ဂုဏ်ကို မြှင့်တင်လိုစိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းလိုစိတ်များ ဖြစ်ပေါ် စေရေးအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း လေကြောင်းလူငယ်၊ ရေကြောင်းလူငယ်သင်တန်း တွေ၊ ကင်းထောက်လူငယ်နဲ့လူရည်ချွန်စီမံကိန်း တွေအပါအဝင် စနစ်တကျလေ့ကျင့်ပျိုးထောင်လျက် ရှိတာကို တွေ့မြင်ရပါတယ်။
လာမယ့် ဇွန်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပါတော့ မယ်။ ပညာရေးဝန်ကြီးဌာနကလည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူနိုင်ဖို့အတွက် ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံ ရေးသီတင်းပတ်အဖြစ်သတ်မှတ်ပြီး နှိုးဆော်ထားပါ တယ်။
အလားတူ “ကျောင်းထွက်သူ လုံးဝမရှိစေရေး နှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ ဆရာမများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန်၊ မိဘများအနေဖြင့် ကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန်” စသည်ဖြင့် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများကို မေတ္တာရပ်ခံ နှိုးဆော်ထားပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဧပြီ ၂၂ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄)မှာ “ဇွန်လအတွင်း အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားရန် လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရ သည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်း များ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိကြရန် လိုကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဖွင့်လှစ်လျက်ရှိသည့်
သင်တန်းများကို ပညာရည်အဆင့်များအလိုက် ထိုက်သင့်သည့်ဘွဲ့များ ပေးအပ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ကျောင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့်ပညာသင်ကြားနိုင်ရေး မိမိတို့အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း” လမ်းညွှန်မှာကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စာသင်နှစ်မှာတော့ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ကျောင်းတွ အပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ၂၃ ရာခိုင် နှုန်းသောအခြေခံပညာကျောင်းအချို့ မဖွင့်လှစ် နိုင်ခဲ့ဘူးလို့ သိရတယ်။
ဒီအတွက် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး အတွက် ဆရာ ဆရာမတွေ၊ ကျောင်းအကျိုးတော် ဆောင်တွေ၊ မြို့မိ မြို့ဖ၊ ရပ်မိရပ်ဖတွေ၊ ဒေသခံ ပြည်သူတွေအားလုံးက နိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
နိုင်ငံ့သားကောင်းများစွာကို စဉ်ဆက်မပြတ် မွေးထုတ်ပေး
ဒါ့အပြင် ကျောင်းဥပဓိရုပ်တွေကောင်းမွန်ရေးအပိုင်းမှာလည်း အခြေခံအဆောက်အအုံပိုင်း သာမက စည်းကမ်းကောင်းမွန်မှု၊ အောင်ချက် မြင့်မားမှု၊ နိုင်ငံတော်ကအားထားရတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အရာထမ်း၊ အမှုထမ်းများ၊ လူရည်ချွန် မောင်မယ်တွေ၊ လူကောင်းလူတော်တွေ၊ နိုင်ငံ့သားကောင်းများစွာကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ဖို့ လိုပါတယ်။
ဒီလိုပြီးပြည့်စုံတဲ့ ကျောင်းရဲ့ ဥပဓိရုပ်တွေ ကောင်းမွန်ခံ့ညားထည်ဝါလာတာနဲ့အမျှ နိုင်ငံရဲ့ ဥပဓိရုပ်ကလည်း နိုင်ငံတကာအလယ်မှာကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပိုမိုကောင်းမွန် ခံ့ညားထည်ဝါ လာနိုင်လိမ့်မယ်လို့လည်း ကျွန်မယုံကြည်ပါတယ်။ ဒီအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမှာပေါ့။ ။
- Log in to post comments