
ကျော်မြင့်ထွန်း (ပါရီ)
လွယ်လွယ်ကူကူ အန္တတ္တသညာ ခေါ်စရာ အဖြစ် သူတို့ကို “အတ္တဟိတသမားတွေ” (အတ္တကြီးသူတွေ) လို့ ခေါ်လိုက် ပါရစေ။
ဒီ “အတ္တဟိတသမားတွေ” ဟာ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် “ဒီမိုကရေစီ” နဲ့ “လူ့အခွင့်အရေး” မျက်နှာဖုံးစွပ်ပြီး ဖွံ့ဖြိုးဆဲကမ္ဘာက နိုင်ငံငယ်လေးတွေအပေါ် နိုင်ထက် စီးနင်းပြုကျင့်လာတာ ကြာပါပြီကော။ ဟုတ်တယ်မဟုတ်လား အရပ်ကတို့။
တရုတ်နဲ့ ရုရှားနိုင်ငံတွေ ကျွန်တော် ပြောလိုရင်းကို ကျေးဇူးပြုပြီး အာရုံ စိုက်ပေးကြစေလိုပါတယ်။ သိကြားစေ သက်သေညွှန်းလိုပါတယ်။
ဂျီနီဗာနဲ့ နယူးယောက်မြို့ကြီးတွေရှိ ဆင်စွယ်မျှော်စင်တွေထဲ ရှိနေကြတဲ့ အတ္တဟိတသမားတွေ (ကိုယ့်ကိုယ် ကိုယ် ဖြောင့်မတ်တည်ကြည်သူတွေ အဖြစ် ဂုဏ်တင်ထားသူတွေ၊ လက်တွေ့ ဘဝနဲ့ ကင်းကွာနေတဲ့ ရေပေါ်ဆီ၊ လူ့မလိုင် အလွှာဝင်တွေ) အားလုံးကို ကျွန်တော်က ဒီနေရာက အသိအမှတ် ပြုလိုက်ပါရစေ။ ဒီမြို့ကြီး နှစ်မြို့မှာ “အထူး အစီရင်ခံစာ ရေးသူတွေ”၊ “အထူးသံတမန်တွေ”၊ “ကော်မရှင်တွေ”၊ “ပါရဂူများအဖွဲ့တွေ”၊ “အထက်တန်း ကျွမ်းကျင်ပညာရှင်တွေ” စသည် ရှိနေ ကြပါတယ်။
ပါရီမြို့ကြီး ရက်ပေါင်းကြာရှည် လောင်မြိုက်နေဆဲပါတကား။ နိုင်ငံ အတွင်း အခြားမြို့ကြီးတွေအထိ ဝရုန်း သုန်းကားဖြစ်မှုတွေ ကူးစက်နေဆဲပါ တကား။ အတ္တဟိတသမားတွေကတော့ ဒုံးဝေးနေကြတုန်းပါ။ တစ်နံတစ်လျား ကျယ်ပြောလှတဲ့ အသင်းအပင်းတွေထဲ ကျင်လည်နေကြတဲ့ အတ္တကြီးသူတွေ ကတော့ ဘာကြေညာချက်၊ ဘာရှုတ်ချ ချက်ကိုမှ မထုတ်ဘဲ တုံဏှိဘာဝေ ဆိတ်ဆိတ်နေကြလေရဲ့။
ဂျီနီဗာအခြေစိုက် ဌာနန္တရတစ်ခု ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ “လုပ်ကြပါဦး” ဆိုပြီး တစ်စောင်တည်း သော ကြေညာချက်ကို ထုတ်ပြန်ထား တယ်။ ဒါပေမယ့် အခြေအမြစ်မရှိတာလို့ ဆိုပြီး ပြင်သစ်က ပုတ်ထုတ်လိုက်တယ်။ အဲဒီကတည်းက နောက်ထပ်ဘယ်သူ ကမှ လေသံမဟကြတော့ဘူး။ သူတို့ အနေနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ရုံးခွဲသစ်တွေ ထပ်တိုးဖွင့်ဖို့ပဲ အလုပ်ရှုပ် နေကြလေရဲ့။
“အရပ်ကတို့ရေ ဂျီနီဗာကနေ ပါရီကို လေယာဉ်စီးခရီးသွား၊ ခရီးမဝေး အနီး ကလေးပဲ။ သွားဖြစ်အောင် သွားလိုက် ပေါ့။ အဓိကရုဏ်းတွေ ဖြစ်နေတဲ့ လော်ဆိန်းကိုလည်း အရောက်သွား ပါဦး။ ဦးကြီးတော်တွေ၊ ကြီးတော်တွေ နေထိုင်တဲ့ နိုင်ငံကို ရောက်ပြီဆိုမှတော့ သူတို့မကြိုက်တာ ပြောရဲ၊ လုပ်ရဲပါဦး မလား။
သူတို့ရဲ့ အဖွဲ့အစည်းတွေထဲက အဖွဲ့အစည်းတစ်ခုကတော့ ပါရီမှာ တည်ရှိနေတော့ ဘယ်သူမှ အသံမထွက် ရဲကြဘူး။ အနောက်တိုင်းနိုင်ငံတစ်နိုင်ငံ ဆိုတော့ သူတို့ အငြိမ်းစားယူပြီးတဲ့အခါ အေးအေးဆေးဆေး အခြေချနေထိုင် ကြဖို့ အစီအစဉ်တွေလည်း ရှိမှာပေါ့။ အငြိမ်းစားဘဝမှာ သက်သောင့်သက်သာ နေထိုင်သွားနိုင်မယ့် အနာဂတ် အခွင့် အရေးကို သူတို့ပျက်စီးမခံလိုကြဘူး။ ဩဇာတိက္ကမကြီးမားလှတဲ့ တက္ကသိုလ် ကြီးတွေမှာ ဧည့်ပါမောက္ခ ရာထူးရဖို့ ၊ ဉာဏ်ကြီးရှင်အဖွဲ့တွေမှာ “ကျွမ်းကျင်သူ ပညာရှင်” အဖြစ် နေရာရဖို့ စိတ်ကူး ထားကြတော့ “ရှီး” တိတ်တိတ်နေလိုက် စမ်းလို့ပဲ ဆိုချင်ပါတယ်။
တကယ်လို့သာ ရုရှား သို့မဟုတ် တရုတ်နိုင်ငံမှာ အလားတူ မငြိမ်မသက် မှုမျိုး၊ ဝရုန်းသုန်းကားဖြစ်ပုံမျိုးတွေ ကြုံရမယ်ဆိုရင် အတ္တဟိတသမားတွေ အနေနဲ့ “အချက်အလက် ရှာဖွေရေး” ခရီးစဉ်တွေ ချက်ချင်းလက်ငင်းဖြစ်ပေါ်လာမှာပေါ့။ “အချက်အလက် ရှာဖွေရေး” ဆိုတဲ့ စကားကိုတော့ သူတို့နှစ်နှစ် ကာကာ သုံးလေ့ရှိတယ်။ ဒီနောက်မှာ တော့ အဆုံးမထင်တဲ့ စုံစမ်းစစ်ဆေးမှု တွေကို အတောမသတ်နိုင်အောင် တရစပ်လုပ်ကိုင်နိုင်ဖို့ အထူးကော်မရှင် တွေဖွဲ့မယ်။ အထူးလုပ်ငန်းအဖွဲ့တွေ ဖွဲ့မယ် မဟုတ်ပါလား။ ပါရီမဟုတ်ဘဲ အရွယ်အစားသေးငယ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ငယ်တွေမှာဆိုရင်တော့ အရေးယူ ပိတ်ဆို့မှုတွေ လုပ်မယ်။ ထပ်တလဲလဲ ဒဏ်ခတ်မယ်။
အားနွဲ့သူအပေါ် အနိုင်မကျင့်ရေး ဆိုတာ သူတို့ရဲ့ စိတ်ကြိုက်ဘာသာရပ် တွေထဲက ဘာသာရပ် တစ်ခုပေါ့။ ဒါပေမယ့် သူတို့ကိုယ်တိုင် အနိုင်ကျင့် သူတွေ ဖြစ်နေတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ ငယ်လေးတွေအပေါ် ဘယ်နည်းဘယ်ပုံ အနိုင်ကျင့်ရမယ်ဆိုတာ သူတို့နောဧကနော ပါ။ “အထူးသံတမန်တွေ”၊ “အထူး ကိုယ်စားလှယ်တွေ” ကို အမျိုးစုံအောင် ခန့်အပ်ကြလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ ခန့်အပ်ထားတဲ့ အလားတူ ရာထူးတွေ ဒု နဲ့ဒေး ဆိုတာ မြင်သာပါတယ်။
ရုရှားနဲ့ တရုတ်ကိုတိုက်ဖို့ ဒီရာထူး ဌာနန္တရတွေကို သူတို့ အသုံးချနေကြ တယ်။ ဒါပေမယ့် တကယ်လို့ အင်အား ကြီးနိုင်ငံတွေ ပါဝင်ပတ်သက်နေကြရင် တော့ သူတို့ဘာမှ မပြော၊ ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေကြလေရဲ့။ အနောက် တိုင်းနိုင်ငံတွေရဲ့ လက်ကိုင်တုတ်တွေ ဟာ သူတို့ကိုယ်သူတို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေဆိုပြီး ရပ်တည်ကြ ပေမယ့် အင်အားကြီးနိုင်ငံရဲ့ ပြဿနာ ဆိုရင် လက်ရှောင်၊ အင်အားသေးနိုင်ငံ ရဲ့ ပြဿနာဆိုရင် လက်မရွံ့ စံနှစ်ခုနဲ့ ရပ်တည်ကြတာ။ ဖိအားပေးမှုတွေကို လိုသလို သုံးတတ်လှချည်ရဲ့။
ခရီးသွားလာခြင်းကို သူတို့နှစ်သက် ကြတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်ကာလတုန်း ကဆိုရင် မြန်မာနိုင်ငံမှာ တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်ချိန် အေဂျင်စီအကြီးအမှူး သုံးဦးအထိ ကျွန်တော်တို့ရဲ့ နိုင်ငံကို အပြေးအလွှား လာခဲ့ကြတယ်။ သုံးဦး အထိတောင် လာကြတယ်ဆိုပဲ။ သူတို့ လာခဲ့ပုံကို ကြည့်ပါဦး။ နိုင်ငံထဲဝင်လာ တယ်။ ပုဂံအထိ သွားတယ်။ ဇိမ်ခံ ဟိုတယ်ခန်းမကြီးထဲ အတူတကွ တစိမ့်စိမ့် သောက်တယ်။ သူတို့အတွက် ဘဝဟာ စိုပြည်လွန်းလှတယ်။ ဒါပေမယ့် နိုင်ငံငယ်လေးတွေက ပြည်သူတွေကို ကြည့်လိုက်ပြန်တော့ လူမှုဘဝတွေမှာ ဒုက္ခပင်လယ်ဝေနေဆဲပါ။
မကြာသေးမီကတော့ အတ္တဟိတ သမားတွေကို မာလီနိုင်ငံက ကန်ထုတ် လိုက်တယ်။ မာလီပြည်သူတွေ “ဝေးဟေးဟေး” လို့ ဟစ်ကြွေးကြတယ်။ အခုအချိန်မှာတော့ မာလီပြည်သူတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ပါပြီ။ သူတို့ရဲ့ နိုင်ငံကို သူတို့ကိုယ်တိုင် ပြန်လည်တည်ဆောက်နိုင်ပါပြီ။ မာလီ မှာ အတ္တဟိတသမားတွေ ဘာတွေ အောင်မြင်မှု ရခဲ့ပါသလဲ။ မာလီနိုင်ငံက သာဓကဆောင်ပါတယ်။ အတ္တဟိတ သမားတွေဟာ နိုင်ငံအကြီး၊ အငယ် အပေါ် မူတည်ပြီး ပြုမူဆက်ဆံနေကြ ပုံက ထင်ရှားပါတယ်။
အတ္တဟိတသမားတွေဟာ မြန်မာ နိုင်ငံရဲ့ ပြည်သူတွေအတွက် အဖြေ မထုတ်ပေးနိုင်ပါဘူး။ အတ္တဟိတသမား တွေဟာ ပြဿနာတွေရဲ့ အတိမ်အနက် ကိုလည်း မသိ၊ နိုင်ငံငယ်လေးတွေရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို လည်း နားမလည်ရှာကြပါ။
(၁၂-၇-၂၀၂၃ ရက်နေ့ The Global New Light of Myanmar သတင်း စာပါ Hypocrites ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။)
- Log in to post comments