ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ပညာပေးအစီအစဉ်များကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၁၀


အဂတိလိုက်စားမှု  တိုက်ဖျက်ရေး ကော်မရှင်သည်        ပညာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိ လိုက်စားမှုနှင့်      ပတ်သက်၍ အသိပညာရရှိစေရန်၊      အဂတိ လိုက်စားမှုကို        တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့ အစည်း      ဖြစ်တည်လာစေရန်၊ အများအကျိုး   ဆောင်ရွက်ခြင်း နှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့်    အခြေခံ စဉ်းစားတွေးခေါ်မှု မှန်ကန်စေရန် အတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး    ပညာပေး (Edu- tainment)   အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန    အခြေခံ ပညာအဆင့်(မူလတန်းနှင့် အလယ် တန်း)အဆင့်များမှ    စတင်၍   အသိပညာပေး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။

 


ယင်းသို့   ဆောင်ရွက်လျက် ရှိရာ   ယနေ့တွင်    နေပြည်တော် ကောင်စီနယ်မြေ        ဇေယျာသီရိ မြို့နယ်   အထက (၁)၌ မူလတန်း အဆင့်နှင့်   အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကော်မရှင်မှ       ထုတ်ဝေဖြန့်ချိခဲ့ သည့်   ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်)         စာအုပ်များမှ သင်ခန်းစာအချို့နှင့်    ပညာပေး (Edu- tainment) အစီအစဉ်ပါ အကြောင်းအရာများကို    ဖော်ပြ ဆွေးနွေး       ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့်  (Grade-5)မှ ကျောင်းသား   ကျောင်းသူ  ၁၀၀ နှင့်         အလယ်တန်းအဆင့် (Grade-8)  မှ    ကျောင်းသား ကျောင်းသူ ၁၀၀ တက်ရောက်ပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊    ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ     လိုက်ပါကြီးကြပ်     စစ်ဆေးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ   သိမှတ်ဖွယ်ရာ   စာအုပ် များ၊   လက်ကမ်းစာစောင်များနှင့်        အဂတိလိုက်စားမှု တိုက်ဖျက်ရေး   အမှတ်တံဆိပ်ပါ       ပစ္စည်းများ       ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ထို့အတူ ယနေ့တွင် ရန်ကုန် မြို့  ဗဟန်းမြို့နယ်   အလက(၃) ကျောင်း၌လည်း     ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေး(Edu- tainment) အစီအစဉ် ကို ဆောင်ရွက်ခဲ့ရာ ဗဟန်းမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ ကြီး၊ ဆရာ ဆရာမများ၊ မူလတန်း အဆင့်(Grade-5) မှ ကျောင်းသား ကျောင်းသူ  ၇၆ ဦးနှင့် အလယ် တန်းအဆင့်   (Grade-8)   မှ ကျောင်းသား ကျောင်းသူ ၈၉ ဦး တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်