ကျောင်းသားအားကစားပွဲတော်နှင့် လူရည်ချွန်ပွဲများ ယခုနှစ် ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်

 

နေပြည်တော်   ဒီဇင်ဘာ  ၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာကျောင်းသား   အားကစား ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်   အခြေခံ ပညာကျောင်းသား   အားကစား ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ     ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဦးဇော်ဝင်းက ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် ကျောင်းသားအားကစားပွဲတော် နှင့် လူရည်ချွန်ပွဲများ ရပ်နားခဲ့ရ သဖြင့် ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် တွင်    ပြန်လည်ကျင်းပသွားမည် ဖြစ်ကြောင်း၊       ကျောင်းသား အားကစားပွဲကို     ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစားနည်းများ ဖြင့်    ယှဉ်ပြိုင်ကျင်းပသွားမည် ဖြစ်ကြောင်း၊     မျိုးဆက်သစ် အားကစား   သမားကောင်းများ ပေါ်ထွန်းလာရေးအတွက် ပြိုင်ပွဲ ကျင်းပရာတွင် အသက်မှစ၍ စနစ် တကျ   မှန်မှန်ကန်ကန်ဖြစ်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားအားကစားပွဲတော် အောင်မြင်စွာ  ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအားလုံး        ပါဝင်ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်   အခြေခံပညာ ကျောင်းသား အားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယ ဥက္ကဋ္ဌ   အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က        အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲမှစတင်၍ အားကစားထူးချွန်သည့် ကျောင်းသား     ကျောင်းသူများ ကို  ရွေးချယ်လေ့ကျင့်ပေးသွား ပါက  အခြေခံကျောင်းသားများ တက္ကသိုလ်တက်ရောက်ချိန်တွင်အာဆီယံတက္ကသိုလ် အားကစား ပြိုင်ပွဲများကိုလည်း   အရည်သွေး ပိုမိုကောင်းမွန်စွာဖြင့်       ပါဝင် ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား  ကျောင်းသူများ အတွက်   ပညာသင်တစ်နှစ်တာ အတွင်း ကျင်းပဆောင်ရွက်မည့် အားကစားပြိုင်ပွဲ ကာလများကို အားကစားပြက္ခဒိန်     ရေးဆွဲ သတ်မှတ်ပေးထားပါက   ထူးချွန် အားကစားသမားများကို မွေးထုတ် နိုင်မှု ပိုမိုတိုးတက်မည်ဟု အကြံပြု လိုကြောင်း ပြောကြားသည်။

 


ယင်းနောက်    အခြေခံပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်          ဒုတိယ ညွှန်ကြားရေးမှူး  (ကျောင်းသား ရေးရာ)တို့က     အခြေခံပညာ ကျောင်းသား အားကစားပွဲတော် ကျင်းပရေး       လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်    အစည်းအဝေး တက်ရောက်လာသူများက ပြိုင်ပွဲ ကျင်းပရေးနှင့်     စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး   ပညာရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီးက နိဂုံးချုပ်  အမှာစကားပြောကြား ကာ  အစည်းအဝေးကို   ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်