ကျောင်းကုန်းမြို့နယ်ရှိ ဆေးဆိုင်များ ဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး ကြပ်မတ်စစ်ဆေး

 

ကျောင်းကုန်း  ဩဂုတ်   ၁၅


ဧရာဝတီတိုင်းဒေသကြီး    ပုသိမ် ခရိုင်      ကျောင်းကုန်းမြို့နယ်ရှိ ဆေးဆိုင်များကို    ဆေးဝါးများ သာမန်အချိန်      ရောင်းချသည့် ဈေးနှုန်းထက် ပိုမို၍  အဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရေး အတွက် ပူးပေါင်းအဖွဲ့က ယနေ့ နံနက်   ၉   နာရီက    စစ်ဆေး ဆောင်ရွက်သည်။

 


အဆိုပါ    ပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း  ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနနှင့်     စည်ပင်သာယာရေး အဖွဲ့တို့က ဆေးဝါးများ သာမန် အချိန်ရောင်းချသည့်   ဈေးနှုန်း ထက် ပိုမို၍ အဆမတန် မြှင့်တင် ရောင်းချခြင်း     မရှိစေရေးနှင့်       တစ်ပတ်အတွင်း ဖြန့်ဝေရောင်းချ သည့် ပမာဏထက်ပို၍ သိုလှောင် ထားခြင်း ရှိ/မရှိ ဆေးဝါးရောင်းချ သည့်ဆိုင်များကို လိုက်လံစစ်ဆေး ကြောင်း သိရသည်။


ဝင်းကြိုင် 
(ပြန်/ဆက်)