နေပြည်တော် မေ ၁၃
ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် မြို့မဘောလုံးကွင်းတွင် အားကစားသမားများအား သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အခြေခံပညာကျောင်းများ၌ အားကစားနည်းအလိုက် အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး မှာကြားသည်။
ထို့နောက် ကျောင်းကုန်းမြို့နယ် အားကစားကွင်းနှင့် အလျား ပေ ၁၂၀၊ အနံ ပေ ၉၀ မိုးလုံလေလုံ အားကစားရုံတည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများတွင် ပြည်သူများ ကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားလေ့ကျင့်ခြင်းများ လာရောက်ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်