ကော့မှူး၌ ဆန်၊ ဆီ၊ အမဲသား၊ ဆိတ်သားများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ကော့မှူး အောက်တိုဘာ ၂၈ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ် သော အခြေခံစားသောက်ကုန် များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေနံနက် ၉ နာရီမှ စတင်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံ ပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများကို ဈေး နှုန်း သက်သာစွာဖြင့် လာ‌ရောက် ရောင်းချပေးကြောင်း သိရသည်။ ထိုသို့ ဈေးရောင်းချရာတွင် ဧည့်မထ တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် ဆန်အိတ် ၁၀၀ အိတ် ကိုလည်း ကောင်း၊ ပေါ်ဆန်းမွှေး တစ်ပြည် လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန် ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့် ဆန်အိတ် ၁၀၀ ကို လည်းကောင်း၊ ဆီ ၅၀ ကျပ်သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ နှုန်း ဖြင့် ဆီ ဘူး၂၀၀ ကိုလည်း‌ကောင်း၊ အမဲသားတစ်ပိဿာ ငွေကျပ် ၁၂၀၀၀ နှုန်းဖြင့် ၁၀ ပိဿာကို လည်းကောင်း၊ ဆိတ်သား ၁၀ သားကို ငွေကျပ် ၁၇၀၀ နှုန်း ဖြင့် ပိဿာ၃၀ တို့ကို လာရောက် ရောင်းချပေးခဲ့ကြောင်း သိရ သည်။ ဈေး‌ရောင်းချရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များ နှင့်အညီ ဈေးဝယ်‌ယူနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကျော်သူရ (ကော့မှူး)