ကော်မတီဝင်များအနေဖြင့် ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံးအတိုင်းအတာတစ်ခုအထိ ရောက်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုအပ်

 

ထားဝယ်    ဇူလိုင်   ၂၉


တနင်္သာရီတိုင်းဒေသကြီး ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ် မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်   တိုင်း ဒေသကြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ   တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က   တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ခရီးသွားလုပ်ငန်းများ၏ ဆောင်ရွက်ချက်များကို လေ့လာ သုံးသပ်ပေးသွားမည်ဖြစ်ပြီး ဆောင် ရွက်ပေးရမည့်   လုပ်ငန်းများဖြစ် သည့် ဟိုတယ်လုပ်ငန်းများ၊ ခရီး သွားလုပ်ငန်းများ  စသည်တို့ကို ဆောင်ရွက်ပေးသွားမည်   ဖြစ် ကြောင်း၊  ယခင်က ပွင့်လင်းရာသီ ကာလရောက်ရှိချိန်တွင်   တိုင်း ဒေသကြီးအတွင်း     ခရီးသွား လုပ်ငန်းသည်    အားထားရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊  ယခု အချိန်၌     အကြောင်းအမျိုးမျိုး ကြောင့်   ခရီးသွားလုပ်ငန်းများ နှောင့်နှေးကြန့်ကြာလျက်ရှိနေ သည်   တွေ့ရကြောင်း၊  ကော်မတီ ဝင်များအနေဖြင့်     ခရီးသွား လုပ်ငန်းများတွင်    အကောင်းဆုံး အတိုင်းအတာတစ်ခုအထိ ရောက် ရှိအောင်     ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးရန်      လိုအပ် ကြောင်း ပြောကြားသည်။

 


ထို့နောက်     တိုင်းဒေသကြီး  ဒေသဆိုင်ရာ     ခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ    တိုင်း ဒေသကြီး   စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက     ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း     အဖွဲ့ဝင်များ အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆက်စပ်   ဆောင်ရွက်နေသော ဝန်ဆောင်မှု အမျိုးအစားအလိုက် စီးပွားရေးလုပ်ငန်းများအပေါ်တွင် လုပ်ငန်းလိုင်စင်များ   စိစစ်ခွင့်ပြု ပေးနိုင်ရန်အတွက် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်သွားရန်    လိုအပ် ကြောင်း၊ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီများက မိမိတို့ တာဝန်ခံ    ဆောင်ရွက်နေသော လုပ်ငန်းနယ်ပယ်  အသီးသီးတွင် တွေ့ကြုံရင့်ကျက်နေသူများဖြစ်သောကြောင့်      တိုင်းဒေသကြီး အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်လာ နိုင်ရန် ကာလတိုကာလရှည်အဖြစ် ဆောင်ရွက်သင့်သည့် လုပ်ငန်း များကို  ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန်  လိုအပ် ကြောင်း တင်ပြဆွေးနွေးသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာ    ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးရဲ အောင်မိုးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်  ဆောင် ရွက်ပြီးစီးမှု  အခြေအနေများနှင့် ကော်မတီမှ    ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှု           ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်    လျှောက်ထား ခြင်းဆိုင်ရာ      အမှာစာများကို ရှင်းလင်းတင်ပြရာ ကော်မတီဝင် များက ဖြည့်စွက်ဆွေးနွေးတင်ပြ ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ဆွေးနွေးချက်များအပေါ်    ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)