ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီး၌ အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး 


 

နေပြည်တော်  ဧပြီ  ၄
ကရင်ပြည်နယ်    ကော့ကရိတ် မြို့နယ်  တောနော်ရေတံခွန်၏ အရှေ့မြောက်ဘက်  မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကုန်တင်ယာဉ် များအား   မီးရှို့ထားကြောင်းနှင့် ယာဉ်များ  ပိတ်ဆို့နေကြောင်း သတင်းအရ   နယ်မြေလုံခြုံရေး ဆောင်ရွက်‌နေသည့်   လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခန့်တွင်      သွားရောက် ၍   လုံခြုံရေးလုပ်ငန်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပုံမှန်သွားလာနိုင်ရေး    ဆောင် ရွက်ပေးစဉ် တောနော်ရေတံခွန်၏ အရှေ့တောင်ဘက်   မီတာ  ၉၀၀ ခန့်အကွာနေရာမှ KKO ခွဲထွက် အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့  အင်အား  ၂၀  ခန့်က လက်ဖြောင့်သေနတ်များ  အပါ အဝင် လက်နက်ကြီး/လက်နက် ငယ်များဖြင့်    ချောင်းမြောင်း နှောင့်ယှက်ပစ်ခတ်သဖြင့်  လုံခြုံ ရေးတပ်ဖွဲ့ဝင်များက  ပြန်လည် ပစ်ခတ်ခဲ့ရာ  အကြမ်းဖက်အဖွဲ့ များသည်      တောင်ဘက်သို့ ဆုတ်ခွာ         ထွက်ပြေးသွားခဲ့ သည်။
မော်တော်ယာဉ်မီးလောင်ပျက်စီး
ဖြစ်စဉ်နေရာ     တစ်ဝိုက်ကို ရှာဖွေမှုများပြုလုပ်ရာ    အဆိုပါ နေရာ၌  ခြောက်ဘီးယာဉ်တစ်စီး၊ ၁၂ ဘီးယာဉ်တစ်စီး၊ ၂၂ ဘီးယာဉ် တစ်စီး၊ ခရီးသည်တင်မှန်လုံယာဉ် တစ်စီး၊  Nissan  အမျိုးအစား Caravan  တစ်စီး    စုစုပေါင်း မော်တော်ယာဉ်  ငါးစီး  မီးလောင် ပျက်စီးလျက်ရှိသည်ကို   တွေ့ရှိ ရသည်။
ယာဉ်များပြန်လည်သွားနိုင်ရေး
အဆိုပါ  မော်တော်ယာဉ်များ မီးလောင်ပျက်စီးမှုကြောင့် လမ်း ပိတ်ဆို့နေသည့် မော်တော်ယာဉ် အစီး ၃၀ အား  လုံခြုံရေးတပ်ဖွဲ့ဝင် များက      မော်တော်ယာဉ်များ  ပြန်လည်သွားလာနိုင်ရေးအတွက် လိုအပ်သည့်       ကူညီမှုများ ဆောင်ရွက်ပေးခဲ့သဖြင့်  မွန်းလွဲ ၃     နာရီခန့်တွင်    ယာဉ်ကြီး/ယာဉ်ငယ်များသည်  မြဝတီမြို့သို့  စတင် ထွက်ခွာနိုင်ခဲ့ကြောင်းနှင့် အဆိုပါ    နေရာတစ်ဝိုက်အား   လုံခြုံရေးလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်လျက်        ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်