ကော့ကရိတ်မြို့နယ် မိတန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၃ 
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တွင် ဖေဖော်ဝါရီ ၁ ရက်က  တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ  ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ    စာသင်ကျောင်းဝင်း အတွင်း  ပေါင်  ၅၀၀  ဗုံး  သုံးလုံးဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန် ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်သတင်း မှားများကို     လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိ ရသည်။
အဆိုပါ     သတင်းနှင့်ပတ်သက်၍ မြေပြင်စုံစမ်းသိရှိရသော  သတင်းများ အရ ဖေဖော်ဝါရီ ၁ ရက်တွင် ကော့ကရိတ် မြို့နယ်အတွင်း   လေယာဉ်ပျံသန်းမှု မရှိကြောင်းနှင့် တပ်မတော်မှ အဆိုပါ မိတန်ရွာအား   ဗုံးကြဲတိုက်ခိုက်သည် ဆိုသည်မှာ     သတင်းမှားသာဖြစ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ များက ပြည်သူများ အထင်အမြင်လွဲမှား စေနိုင်သော      အခြေအမြစ်မရှိသည့် ကောလာဟလသတင်းများကို     လူမှု ကွန်ရက်စာမျက်နှာများတွင် ထုတ်လွှင့် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။                      

သတင်းစဉ်