
နေပြည်တော် ဇွန် ၂၉
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အတွင်း လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များအား KKO (ခွဲထွက်)အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမား များက လက်နက်ကြီးများဖြင့် ဇွန် ၂၈ ရက် ညနေပိုင်းတွင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ အမျိုးသား တစ်ဦး သေဆုံး ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း၌ နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဇွန် ၂၈ ရက် ညနေ ၅ နာရီခွဲတွင် KKO(ခွဲထွက်) အဖွဲ့မှ အကြမ်းဖက်မှုကို လိုလား သူများနှင့် PDF အမည်ခံအကြမ်း ဖက်သမားများက အရှေ့မြောက် ဘက် မီတာ ၂၅၀၀ ခန့်အကွာမှ နေ၍ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပြန်လည်ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာသွားခဲ့ပြီး အဆိုပါအကြမ်း ဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်များသည် ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိကာ မော်တော် ဆိုင်ကယ် တစ်စီး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒဏ်ရာ ရရှိသူများအား ကော့ကရိတ်မြို့ ပုလဲဖြူ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူစေလျက် ရှိသည်။
ထိုသို့ အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ မြို့အတွင်း သို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်