
နေပြည်တော် မေ ၂
ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင် တိုက်ပွဲဖြစ်စဉ်များ ကြောင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ မြို့မဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့် ဆေးပေး ခန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များ ကြောင့် မြို့နေပြည်သူလူထုများ သည် ဘေးလွတ်ရာ နေရာဒေသ များသို့ ယာယီပြောင်းရွှေ့ နေ ထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေ တည်ငြိမ်အေးချမ်းလာပြီ ဖြစ် သည့်အတွက် ဧပြီ ၂၇ ရက် နံနက်ပိုင်းမှစတင်ကာ ကော့ ကရိတ်မြို့အတွင်း ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်း ပြည်သူလူထုများ နေထိုင်စား သောက်ရေး အဆင်ပြေစေရေး အတွက် ကရင်ပြည်နယ် အစိုးရ အဖွဲ့မှ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်း များကို စီမံကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ရပ်ကွက်အတွင်းရှိ နေအိမ်များ အား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များက သန့်ရှင်းရေး၊ ရှင်းလင်းဖယ်ရှားခြင်း ဆောင်ရွက် နေမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကော့ကရိတ်မြို့တွင် ရပ် ကွက် (၇) ရပ်ကွက်နှင့် ကော့ ဘိန်း၊ ကော့ပေါက်ကျေးရွာ တို့တွင် အိမ်ခြေပေါင်း ၁၀၄၃၂ အိမ်၊ အိမ်ထောင်စုပေါင်း ၁၁၀၁၉ စုနှင့် လူဦးရေပေါင်း ၆၉၂၃၈ ဦး ရှိပြီး အဆိုပါဖြစ်စဉ်များကြောင့် အိမ်ထောင်စုအားလုံး ယာယီ ရွှေ့ပြောင်း နေထိုင်ကြရာမှ ကော့ကရိတ်မြို့အတွင်းသို့ ဧပြီ ၂၇ ရက်မှစတင်ပြီး ယာယီရွှေ့ ပြောင်းနေထိုင်သူများ ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့တွင် လည်း ယာယီရွှေ့ပြောင်း နေထိုင် သူ ၃၈၇ ဦး ပြန်လည်ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက် လာသူများအား နေထိုင်စားသောက် မှုအဆင်ပြေစေရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ် ထောင်စု တစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီ ငါးဆယ် ကျပ်သား၊ ခေါက်ဆွဲ ထုပ် ၁၀ ထုပ် ထောက်ပံ့ပေးခဲ့ပြီး ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုလျှင် ကယ် ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပစ္စည်း ပုံးများအား ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်