ကျောက်ပန်းတောင်း ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်တောင်းမြို့နယ်၌ (၂၈.၄.၂၀၂၆)ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခတ်ခြင်းများကြောင့် ထိခိုက်သေဆုံး/ပျက်စီးခဲ့ကြသည့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၁၂)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အမှာစကားပြောကြားပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြသည့် တယ်ပင်တဲကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာအုပ်စု၊ သဲဗုဒ္မကျေးရွာအုပ်စုတို့မှ ဘေးသင့်အိမ်ထောင်စု (၁၁)စု၊ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းနှင့် သေဆုံးသူ (၁)ဦးတို့အတွက်၊ ထောက်ပံ့ငွေ (၁၁၇၁၀၀၀)ကျပ်ကို၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဘေးသင့်အိမ်ထောင်စုများမှ သက်ဆိုင်သူများထံ တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)



