
ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့နယ် ဆောင်း ကြက်သွန်စိုက်ပျိုး တောင်သူများ အနေဖြင့် ဆောင်းကြက်သွန်နီ ပြန်လည်စိုက်ပျိုးချိန်အထိ ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် တောင်သူ များလက်ထဲမှ ကြက်သွန်များ အချိန်မလွန်ခင်ရသည့် ဈေးနှုန်း ဖြင့် ရောင်းချရနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ ဦးစိန် ပွဲရုံမှ ဦးထွန်းရှိန်က ပြောကြား သည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်း ကျင် ကျေးရွာများသည် ဆောင်း ကြက်သွန်နီခေါ် လှောင်ကြက်သွန် များကို အမြောက်အမြား စိုက်ပျိုး ကြသည့် ကျေးရွာများဖြစ်ကာ ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် သာရေး/နာရေးပွဲ များနှင့် ပြည်ပထွက်ပေါက်မရှိ ခြင်းများက ကြက်သွန်စိုက် တောင်သူများကို အထိနာစေခဲ့ ကြောင်း ကြက်သွန်စိုက်တောင်သူ များက ရှင်းပြသည်။ ဆောင်း ကြက်သွန်တစ်သီး စိုက်ပျိုးချိန် ကြက်သွန်စင်ပေါ် ရောက်သည် အထိ အချိန်နှစ်ပတ်လည် ကြာမြင့် ကြောင်း၊ ကြက်သွန်ပျိုးထောင် ခြင်းများကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင် ပျိုးထောင်ကြပြီး ကြက်သွန် ပျိုးသက် ၄၅ ရက်တွင် စိုက်မည့် အခင်းထဲ ရွှေ့ပြောင်းစိုက်ပျိုးကြ ကာ ချောင်းကြက်သွန်ခင်းများ နံနက်/ည ရေနှစ်ကြိမ်ဖျန်းလောင်း ရပြီး ကုန်းကြက်သွန်စိုက်ပျိုးသူ များ မြောင်းဖြင့်ရေသွင်းစိုက်ပျိုးပါက ငါးရက်တစ်ကြိမ်ရေသွင်း ကြောင်း၊ ရေဖျန်းပါက နှစ်ရက် တစ်ကြိမ်ဖျန်းပေးရကြောင်း သိရ သည်။ ကြက်သွန်စိုက်ပျိုးချိန် စရိတ်စက အလွန်ကြီးမြင့်ကာ နွားတစ်ရှဉ်းထွန်ယက် တစ်မနက် ငွေကျပ်တစ်သောင်း၊ ထွန်စက် ထွန်ခ တစ်နာရီ ငွေကျပ် နှစ်သောင်း နှစ်ထောင်၊ ကြက်သွန်စိုက်သမ တစ်ဦး တစ်နာရီ ငွေကျပ် တစ်ထောင်(မိမိစိုက်နိုင်သလောက် နာရီဖြင့်တွက်ပေး)၊ လုပ်သား တစ်ဦး ငွေကျပ်ရှစ်ထောင်၊ မြေဆီ နွားချေး ထော်လာဂျီတစ်စီး ငွေကျပ် သုံးသောင်းငါးထောင်၊ ကြက်သွန်မျိုးစေ့တစ်ပြည် ငွေကျပ် လေးသောင်း၊ ငုံးချေး၊ ကြက်ချေး မြေဆီတစ်တင်းခွဲဆံ့ တစ်အိတ် ငွေကျပ်လေးထောင်၊ နှမ်းဖတ် အမှုန့်ကြဲပက်ခြင်း၊ စက်ဆီဖိုး၊ ရွက်ဖျန်းဆေး၊ ကြက်သွန်နုတ် သိမ်းချိန် နုတ်ခ၊ သယ်ယူခနှင့် လုပ်အားခပေါင်းပါက ကြက်သွန် တစ်ဧကစိုက်ပျိုးစရိတ် လှောင်စင် ပေါ်ရောက်သည်အထိ ငွေကျပ် သိန်း ၂၀ ခန့် ကုန်ကျစရိတ်ရှိ ကြောင်း လဲဂွကျေးရွာ ကြက်သွန် စိုက်တောင်သူ ဦးတင်ထွန်းအောင် က ရှင်းပြသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်စိုက်ပျိုးတောင်သူများ သည် ယခုနှစ်တွင် ကြက်သွန် တစ်ပိဿာ ငွေကျပ် ၃၀၀ သာ အများဆုံးရောင်းချခဲ့ရပြီး ယခု ဈေးနှုန်း ကြက်သွန်တစ်ပိဿာ ငွေကျပ် ၃၅၀မှ ၄၀၀ သာ ရောင်းချ နေရခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများ အရင်းအနှီးပင် ခက်ခဲသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ ကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနန်း တင်က ပြောသည်။ ဆောင်း ကြက်သွန်မျိုး (ပျိုး)ထောင်ပြီးချိန် အထိ ကြက်သွန်ဈေးနှုန်း ကျဆင်း နေခြင်းကြောင့် အရှုံးများသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ဦးတင် ထွန်းအောင်က ပြောသည်။
မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)