
ကျောက်ဖြူ အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မြဝတီဘဏ်၌ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသည့် ဥပဒေများအကြောင်း ဝန်ထမ်းများ သိရှိစေရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေး အေးကျော့က အလုပ်သမားရှာဖွေသူများနှင့် အလုပ်သမားလိုအပ်သော အလုပ်ရှင်တို့အတွက် အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ဝက်ဘ်ဆိုက်ကိုတည်ထောင်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးကို တိုင်းဒေသကြီး၊ ပြည်နယ်ရုံး ၁၅ ရုံး၊ ခရိုင်နှင့် မြို့နယ်ရုံး ၈၀ ဖွင့်လှစ်၍ အလုပ်သမားရှာဖွေသူများနှင့် အလုပ်သမားလိုအပ် သော အလုပ်ရှင်များကို အခမဲ့ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ ခုနစ်ခုမှ ၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှုကန့်သတ်ရေး အက် ဥပဒေ၊ ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေးအက်ဥပဒေနှင့် ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှုတိုးတက်ရေး ဥပဒေအကြောင်း အရာများကို ရှင်းလင်းပြောကြားပြီး အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနမှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များကို ဘဏ်ဝန်ထမ်းများအား ဖြန့်ဝေပေးသည်။
ယင်းနောက် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဦးမွန်က ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ လစာမဲ့ခွင့် နှင့် မီးဖွားခွင့်တို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ ဟောပြောပွဲသို့ ဘဏ်မန်နေဂျာနှင့် ဘဏ်ဝန်ထမ်း ၂၅ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း