
ကျောက်ဖြူ ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ခြုံဆွယ် အုပ်စုမှ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ယင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပထမအသုတ်(ပထမအကြိမ်) ရောဂါကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် ခြုံဆွယ်ကျေးရွာတွင် ဒီဇင်ဘာ ၁၁ ရက်၌ ကာကွယ်ဆေး ပထမအသုတ်(ပထမအကြိမ်)လာရောက်ထိုးနှံမည့် စာရင်းရှိပြည်သူ ၈၄၀ အား ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)