ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော ဆောင်းနေကြာသီးနှံ ဧက ၁၀၀၀၀ ကျော် အောင်မြင်ဖြစ်ထွန်းလျက်ရှိ

 

ကျောက်ဆည်   ဖေဖော်ဝါရီ  ၉


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက်  မိုးရာသီနှင့်  ဆောင်းရာသီများတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာသီးနှံများ ၁၀၂၆၆ ဧက လျာထားစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။   


ကျောက်ဆည်မြို့နယ်၌    ဆောင်း နေကြာသီးနှံများ    စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ပြီး     အကျိုး အမြတ်ရရှိရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ  ဝန်ထမ်းများက  တောင်သူ များနှင့်  ပူးပေါင်းပြီး    သိပ္ပံနည်းကျစိုက် နည်းစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးလျက် ရှိရာ   နေကြာတစ်ဧက    စိုက်ပျိုးပါက မြေပြုပြင်ခြင်း၊ မျိုးစေ့ဖိုးနှင့် စုစုပေါင်း ကုန်ကျငွေကျပ် ၅၄၄၀၀၀ ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်    ၂၇ ဒသမ ၁၁ တင်းထွက်ရှိကာ ပြန်လည်ရောင်းချပါက ငွေကျပ် ၁၀၈၄၄၀၀ ပြန်လည်ရရှိသဖြင့် အကျိုးအမြတ်ငွေကျပ် ၅၄၀၄၀၀ ရရှိ ကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။    


ကျောက်ဆည်မြို့နယ်     အတွင်းရှိ နေကြာစိုက်တောင်သူများ    အနေဖြင့် ဆောင်းနေကြာသီးနှံများ   စိုက်ရာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုး သည့်အပြင်  မိရိုးဖလာစိုက်နည်းစနစ် များဖြင့်လည်း    စိုက်ပျိုးလျက်ရှိကြောင်း၊ မိရိုးဖလာစိုက်နည်းစနစ်ဖြင့်         နေကြာ တစ်ဧကစိုက်ပျိုးပါက မျိုးစေ့လေးပြည် အသုံးပြုရပြီး စုစုပေါင်းကုန်ကျငွေကျပ် ၂၅၃၀၀၀၊ တစ်ဧကအထွက်တင်း ၁၈ တင်းထွက်ရှိပြီး ပြန်လည်ရောင်းချပါက ငွေကျပ်  ၇၂၀၀၀၀   ရရှိကြောင်း၊  သိပ္ပံ နည်းကျစိုက်ပျိုးခြင်းသည်    မိရိုးဖလာ စိုက်ပျိုးခြင်းထက်      အထွက်နှုန်းပို၍ အကျိုးအမြတ်ငွေ  ပို၍ရရှိသောကြောင့် တောင်သူများအနေဖြင့်  ဆောင်းနေကြာ သီးနှံများစိုက်ပျိုးရာတွင် သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။                

ခရိုင်(ပြန်/ဆက်)