ကဆုန်လပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီများ၌ ညောင်ရေသွန်းလောင်းသူများဖြင့် စည်ကား

 

နေပြည်တော်     မေ     ၃


ယနေ့ကျရောက်သည့်    ကဆုန် လပြည့်(ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ် တွင်      နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ   ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြု ခြင်း၊ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေ သွန်းလောင်းပူဇော်ခြင်း၊ စေတနာ ရှင်၊ ကုသိုလ်ရှင်များက သံဃာ တော်များအား     ဆွမ်းဆန်စိမ်း လောင်းလှူပွဲများ ကျင်းပခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြ ခြင်းစသည့်   ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက် ရှိသည်။ 

 


ပြည်ထောင်စု      နယ်မြေ နေပြည်တော်  ဥပ္ပါတသန္တိစေတီ တော်  ပရိဝုဏ်အတွင်း၌   နံနက် ပိုင်းမှ စတင်၍ (၁၅) ကြိမ်မြောက် ကဆုန်ညောင်ရေ  သွန်းလောင်း ပူဇော်ပွဲနှင့်အတူ   ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားဖြစ်သည့်    ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော် များကို လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့်  နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခြင်း၊      ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ     ကျင်းပခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်း၊ ညပိုင်း၌ ဆီမီးတိုင်များ    ကိုင်ဆောင်၍ လှည့်လည်ပူဇော်ခြင်း၊ ဓမ္မသဘင် ဆင်ယင်ကျင်းပခြင်း    စသည့် အခမ်းအနားများကို နိုင်ငံတော် အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသည်။ 

 


ထို့ပြင်         ဗုဒ္ဓဂယာ (နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူ ရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှ စေတီ တော်၊   ဓာတုစယဓာတ်ပေါင်းစု စေတီတော်၊ ရန်အောင်ချမ်းသာ ဘုရား၊ လှေခွင်းတောင်တန်ခိုးကြီး ဘုရား၊    ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်၊ ကိုးခန်းကြီးစေတီတော်၊   လောကရန်နှိမ်စေတီ၊ ဖောင်တော် ချက်မစေတီနှင့် လက်လုပ်တောင် စေတီ      စသည့်ဘုရားတို့တွင် လည်း  ဓမ္မစကြာဝတ်အသင်းများ၊ ဘာသာရေး    အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊   ဝန်ထမ်း မိသားစုများ၊ ဘုရားဖူးလာပြည်သူ များက ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူ ပူဇော်ခြင်း၊ ဥပုသ်သီလဆောက် တည်ခြင်း၊ ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေ  သွန်းလောင်း ပူဇော်ခြင်းတို့ကို ကုသိုလ်စိတ်အား ထက်သန်စွာဖြင့် ဆောင်ရွက်ကြ ပြီး အလှူရှင်များက ရေ၊ အစား အစာနှင့် အချိုရည်များကို  စတု ဒိသာအလှူအဖြစ်   လှူဒါန်းကြ သည်။ 
ညနေပိုင်းတွင်လည်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ  ဘုရား စေတီများနှင့် မဟာဗောဓိပင်တော် တို့၌ ဆီမီး၊ ပန်းမန်၊ သောက်တော် ရေကပ်လှူ    ပူဇော်ကြသူများ၊ ဝတ်ရွတ်ပူဇော်ကြသူများ၊ ကဆုန် ညောင်ရေသွန်းလောင်း   ပူဇော် ကြသူများ၊  စတုဒိသာကျွေးမွေး ကြသူများဖြင့်လည်း   စည်ကား လျက်ရှိသည်။ 

 


ထို့ပြင်      နေပြည်တော်ရှိ Ocean Super Center ၊ Junction Center ၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများနှင့် နေပြည်တော်    ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ လှေခွင်းတောင်  ကမ်းခြေအပန်း ဖြေစခန်းတို့တွင်လည်း အပန်းဖြေ လာရောက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်။ 
ကဆုန်    လပြည့်နေ့တွင် ဘုရားဖူး   လာရောက်ကြသည့် ပြည်သူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များက       ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက်   ကူညီ စောင့်ရှောက်ပေးလျက်    ရှိပြီး မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များက လည်း    ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ    ကုသိုလ်ပြု နိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။        

အောင်ရဲသွင်
ဓာတ်ပုံ - ကိုကြီးထိန်