မန္တလေး မေ ၂၂
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက ကြီးမှူး၍ မန္တလေးမြို့ လေးပြင်လေးရပ်မှ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို နံနက် ၆ နာရီက မန္တလေးမြို့ ကျုံးအရှေ့ဘက် (အရှေ့ပြင်)၊ အနောက်ဘက် (အနောက်ပြင်)၊ တောင်ဘက်(တောင်ပြင်)နှင့် မြောက်ဘက် (မြောက်ပြင်) တို့ရှိ သတ်မှတ် မင်္ဂလာမဏ္ဍပ် များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ဦးဆောင်၍ အလှူရှင်များ က သာသနာတော်နှစ် ၂၅၆၇ နှစ် ပြည့်ပြီး ၂၅၆၈ နှစ်သို့ ကူးပြောင်း ရောက်ရှိမှုအထိမ်းအမှတ်နှင့် နိုင်ငံ သူ၊ နိုင်ငံသားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပြီး ဆွမ်းလောင်းလှူပွဲ အခမ်းအနားသို့ နိုင်ငံတော် ဩဝါဒါစရိယ၊ ဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သုဇန ပီယ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ မြို့နယ် သံဃ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နှင့်ဇနီး၊ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူ များ တက်ရောက်ကြည်ညိုကြ သည်။
ဦးစွာ မန္တလေးမြို့ လေးပြင် လေးရပ်တို့မှ ကြွရောက်တော် မူလာကြသော ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးတို့သည် ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာ မဏ္ဍပ်အသီးသီးတို့နှင့် ယာယီ သီတင်းသုံးနေရာများတွင် သီတင်း သုံးတော်မူကြသည်။
ထို့နောက် မင်္ဂလာမဏ္ဍပ် အသီးသီး၌ နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ပြီး ဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူကြကာ ဆရာတော် သံဃာ တော် အရှင်သူမြတ်များ ရွတ်ပွား သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြ၍ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဆရာတော် ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာ တော်ကြီးများထံမှ အနုမောဒနာ ရေစက်ချတရားနာယူကြသည်။
ယင်းနောက် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် ၁၀၂၇၂ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေ များ လောင်းလှူပွဲကို တစ်ပြိုင် တည်းကျင်းပကြရာ သတ်မှတ် ထားသည့် ဥပါသကာအဖွဲ့များက အစီအစဉ်များအတိုင်း ဆရာတော် ကြီးများအား ပင့်ဆောင်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်ပြည်သူများက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို တစ်ပြိုင် တည်း လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်