ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် ဆီမီးတိုင်များ ကိုင်ဆောင်၍ လှည့်လည်ပူဇော်ပွဲ ကျင်းပ

 

နေပြည်တော်   မေ    ၃


ကဆုန်လပြည့်  ဗုဒ္ဓနေ့အထိမ်းအမှတ်  ဆီမီးတိုင်များကိုင်ဆောင်၍  လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပသည်။

 

ဦးစွာ  စုရပ်တပေါင်းကွင်းမှ စတင်ထွက်ခွာကြပြီး   ဗျာဒိတ် တော်  ခံယူတော်မူခြင်းယာဉ်နှင့် သာသနာ့အလံ၊   ဆီမီးတိုင်များ ကို ကိုင်ဆောင်ထားသည့် ကျောင်းသား  ကျောင်းသူများက စေတီတော်မြတ်ကြီး၏ အရှေ့ဘက် မုခ်ဦး၌ လည်းကောင်း၊  ဖွားမြင် တော်မူခြင်းယာဉ်နှင့်  သာသနာ့ အလံ၊ ဆီမီးတိုင်များကို ကိုင်ဆောင် ထားသည့်   ဝန်ကြီးဌာနများမှ ဝန်ထမ်းများက စေတီတော်မြတ် ကြီး မြောက်ဘက်မုခ်ဦး၌ လည်း ကောင်း၊   ဘုရားပွင့်တော်မူခြင်း ယာဉ်နှင့် သာသနာ့အလံ၊  ဆီမီး တိုင်များကို ကိုင်ဆောင်ထားသည့် ကျောင်းသား ကျောင်းသူများက စေတီတော်မြတ်ကြီး၏ အနောက် ဘက်မုခ်ဦး၌     လည်းကောင်း၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူခြင်းယာဉ်နှင့်  သာသနာ့အလံ များ၊ ဆီမီးတိုင်များကို ကိုင်ဆောင် ထားသည့်    ဝန်ကြီးဌာနများမှ ဝန်ထမ်းများက   တောင်ဘက် မုခ်ဦး၌ လည်းကောင်း ရောက်ရှိ နေရာယူကြသည်။ 

 


ထိုမှတစ်ဆင့် သာသနာ့အလံ များ၊ ဆီမီးတိုင်များကို ကိုင်ဆောင် ထားသည့်ကျောင်းသား ကျောင်းသူ များနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်း များသည် သက်ဆိုင်ရာမုခ်ဦးများ မှတစ်ဆင့် စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့   တစ်ပြိုင် တည်း   တက်ရောက်၍ သတ်မှတ် နေရာများ၌        အလံတိုင်များ နှင့်   ဆီမီးတိုင်များကို    စိုက်ထူ ပူဇော်ကြသည်။

 


ဥပ္ပါတသန္တိစေတီတော်မြတ် ကြီးအား ဆီမီးတိုင်များ ကိုင်ဆောင် ၍     လှည့်လည်ပူဇော်ရာတွင် ကျောင်းသား   ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ    ဝန်ထမ်း စုစုပေါင်း ၁၀၈၀ ဖြင့် လှည့်လည် ပူဇော်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်