
ဂျကာတာ မတ် ၂၁
အင်ဒိုနီးရှားအာဏာပိုင်များက ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီရန်တို ကို လွန်ခဲ့သောလ သမ္မတ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် ကြေညာခဲ့သည်။
ပရာဘိုဝိုသည် မဲအရေအတွက် ၆၀ ရာခိုင်နှုန်း နီးပါး ရရှိခဲ့ကြောင်း သက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားပြည်သူအားလုံးအတွက် ဖြစ်နိုင် သမျှ ကြိုးစားလုပ်ဆောင်သွားမည့် အစိုးရတစ်ရပ်၊ သမ္မတတစ်ဦး၊ ဒုတိယသမ္မတတစ်ဦးအဖြစ် မိမိတို့ ကိုယ်တိုင် သက်သေပြသွားမည်ဖြစ်ကြောင်း ပရာဘိုဝို က ပြောကြားခဲ့သည်။
ပရာဘိုဝိုသည် ယခင်သမ္မတ ဂျိုကိုဝီဒိုဒို၏ သားကို ရွေးကောက်ပွဲမိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ သည်။ ဂျိုကို၏သားသည် ရွေးကောက်ပွဲမှတ်ပုံတင် ရန် အလွန်ငယ်ရွယ်ခဲ့သည်။ သို့သော်လည်း ဂျိုကို၏ ယောက်ဖဦးဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးက အဆိုပါအချက်ကို ခြွင်းချက် ထားခဲ့သည်။ ကိုယ်စားလှယ်လောင်း အာနီးစ် ဘက်စ်ဝီဒန်က အဆိုပါကိစ္စကို ခွင့်မပြုသင့်ကြောင်း ယုံကြည်ထားသည်။ ဂျကာတာအုပ်ချုပ်ရေးမှူး ဟောင်းက အမှုဖွင့်ခဲ့ပြီး ရွေးကောက်ပွဲကို ဂျိုကို သားမပါဘဲ ပြန်လည်ကျင်းပရန် လိုလားခဲ့သည်။
အာနီးစ်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရလဒ်များသည် သာတူညီမျှအရေးပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မှန်ကန်သော လုပ်ငန်းစဉ် ကသာ မှန်ကန်သောရလဒ်ကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း၊ အကယ်၍ ပြဿနာတစ်ရပ်ရှိလာခဲ့လျှင် ထွက်ပေါ်လာသောရလဒ်သည်လည်း သံသယဖြစ် ဖွယ်ကောင်းကြောင်း ပြောကြားခဲ့သည်။
တရားရုံးက ဧပြီ ၁၆ ရက်တွင် အဆိုပါ ပြောကြား ချက်ကို ပယ်ချသွားမည်လား သို့မဟုတ် ရှေ့ဆက် သွားမည်လားဆိုသည်ကို ဆုံးဖြတ်မည်ဖြစ်သည်။
ရွေးကောက်ပွဲပါဝင်ခဲ့သည့် အခြားကိုယ်စားလှယ် လောင်းမှာ ယခင်ဗဟိုဂျာဗားအုပ်ချုပ်ရေးမှူး ဂန်ဂျား ပရာနိုဝူ ဖြစ်သည်။ ၎င်းအဖွဲ့ကလည်း ထွက်ပေါ် လာသော ရလဒ်ကို စိန်ခေါ်ရန် စီစဉ်ထားသည်။
အင်န်အိတ်ချ်ကေ