ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် စစ်တွေတပ်နယ်၊ ပလက်ဝတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများ၊ စာသင်ကျောင်းများနှင့် နယ်မြေခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ခွဲများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   မေ  ၂၅


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး   ဖုန်းမြတ်၊   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ယနေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်   မီးသတ် တပ်ဖွဲ့ဝင်များက  စစ်တွေမြို့နယ်အတွင်း  စစ်တွေ-ရန်ကုန်သွား ကားလမ်းမကြီး ဝဲ/ယာ တစ်လျှောက် တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့်  ပြိုလဲကျိုးကျနေ သည့်     သစ်ပင်/သစ်ကိုင်းများ     ရှင်းလင်းဖယ်ရှား ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး စစ်တွေမြို့ရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ ခွဲများရှိ    မုန်တိုင်းတိုက်ခတ်မှုကြောင့်      အမိုးလန် ပျက်စီးမှုများ   ဖြစ်ပေါ်ခဲ့သော   နေအိမ်လိုင်းခန်းများ၊ အဆောက်အဦများအား အမိုးများ ပြန်လည်ပြုပြင် တည်ဆောက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း  ယာယီနေထိုင်နိုင် ရန်   ဆောင်ရွက်ထားသည့်  မိုးကာရွက်ဖျင်တဲများ၊ ယာယီနေထိုင်ရန် စီစဉ်ထားသော အဆောက်အဦများ အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့်  ပတ်သက်၍    လိုက်လံရှင်းလင်းပြသ ကြသည်။

 


ထို့နောက်    အဖွဲ့ဝင်များသည်    စစ်တွေမြို့  အမှတ် (၆)    အခြေခံ    ပညာအထက်တန်းကျောင်းနှင့်   အမှတ် (၇)    အခြေခံပညာ       အထက်တန်းကျောင်းတို့ရှိ   ကျောင်းဆောင်များ   ပျက်စီးနေမှုများအား   ပြုပြင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း များ   ပြန်လည်အချိန်မီ ပြီးစီးနိုင်ရေးအတွက်  လိုအပ် သည်များ   ညှိနှိုင်းဖြည့်ဆည်းပေးကာ  ၂၀၂၃- ၂၀၂၄  ပညာသင်နှစ်အတွက်    ကျောင်းအပ် လက်ခံနေမှုကို   ကြည့်ရှုအားပေးပြီး ကျောင်းအပ်နှံရန် လာရောက်ကြသည့်     မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား    ကျောင်းသူများအား  ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်သည်။

 


ယင်းနောက်    ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည်    ချင်းပြည်နယ်  ပလက်ဝမြို့ရှိ နယ်မြေခံတပ်ရင်းမှ          တပ်မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်      အားပေးစကား ပြောကြားပြီး အခြေခံစားကုန်နှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ကာ တပ်ရင်းတွင် ဆောင်ရွက် ထားသော     စိုက်ပျိုး/   မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍    လိုအပ်သည်များ    မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။  

              
သတင်းစဉ်