
နေပြည်တော် နိုဝင်ဘာ ၂၉
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုဝတ်ရွတ်အဖွဲ့ဖြင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်၍ သစ္စာပြုဆုတောင်းရွတ်ဖတ်ပူဇော် အမျှဝေခဲ့သည်။ (အပေါ်ပုံ) ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းကျမ်းငါးကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစေရန်နှင့် ကပ်ကြီး သုံးပါးဘေးမှ လွတ်မြောက်စေရန် စိတ်စေတနာရည်သန်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ဝတ်ရွတ်အဖွဲ့မှ နိုဝင်ဘာ ၁၉ ရက်မှ ယနေ့အထိ ၁၁ ရက်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်