ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 

ဇူလိုင်   ၂၉    


၂၀၂၂ ခုနှစ်    ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက် ဒိုင်း   ပိုက်ကျော်ခြင်းပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက  ဧရာဝတီရေတပ်စခန်း   ဌာန ချုပ်   သီဟသူရထွန်းတင်ခန်းမ၌ကျင်းပရာ နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ်၊   ဌာနချုပ်မှူးနှင့်  အရာရှိ၊ စစ်သည်၊  မိသားစုများ၊  ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့်    ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ   ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက   အမှာ စကားပြောကြားပြီး     တက်ရောက်လာကြသူများ နှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

 


ထို့နောက်    ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊     အသင်းလိုက်ဆုရရှိသူ များနှင့်  တံခွန်စိုက်ဒိုင်းဆုရရှိသော တနင်္သာရီရေတပ် စခန်း   ဌာနချုပ်အသင်းတို့အား   ရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး နှင့်  အဖွဲ့ဝင်များက   တံခွန်စိုက် ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။ 

 


အဆိုပါ   ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)   ကွပ်ကဲမှုအောက်  ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇူလိုင် ၂၅ ရက်မှ   ယနေ့အထိ  ကျင်းပကြောင်း  သတင်းရရှိသည်။  

                                     

သတင်းစဉ်