ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မေ  ၃ 


တပ်မတော်(လေ)က ၂၀၂၄ ခုနှစ် အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)  နှင့်    တန်းမြင့်လေကြောင်း  လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  သင်တန်းစခန်း   ၁၇   ခုတွင်    စုစုပေါင်း သင်တန်းသား   ၈၅၀ ဖြင့် ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်မှစတင်၍ ဖွင့်လှစ် လျက်ရှိသည်။
ထိုသို့    ဖွင့်လှစ်သင်ကြားလျက်ရှိရာ       ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် အဖွဲ့ဝင်များ သည်      လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင်       ဖွင့်လှစ်ပို့ချ လျက်ရှိသည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) (ရန်ကုန်သင်တန်းစခန်း)  နှင့်  မှော်ဘီလေတပ်စခန်းတွင် ဖွင့်လှစ်ပို့ချ လျက်ရှိသည့်    တန်းမြင့်လေကြောင်းလူငယ်သင်တန်း    အမှတ်စဉ် (၁/၂၀၂၄) (မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း) များသို့    သွားရောက် ခဲ့ပြီး သင်တန်းသားများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ထို့နောက်  သင်တန်းသားများ    သင်ခန်းစာပို့ချနေမှုများကို  လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
  သတင်းစဉ်