
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်အား တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေ တဲ့ အခြေအနေကို သိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ မြို့နယ်အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ထိစပ်နေတဲ့ မြို့နယ် တစ်မြို့ နယ် ဖြစ်တာနဲ့အညီ မအူပင်မြို့အဝင်မှာ ခတ္တိယ ဂိတ်ရှိပါတယ်။ ဇွန်လ ၂၅ ရက်နေ့က စတင်ပြီး ခတ္တိယဂိတ်မှာ လာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက် လိုက် ခရီးသည်တွေကို အပူချိန်တိုင်းပါတယ်။ တိုင်း ပြီး သံသယဖြစ်ဖွယ် လူနာတွေ့ရှိတာနဲ့ သွေးတွင်း အောက်ဆီဂျင်လို့ ခေါ်တဲ့ SpO2 ကို စက်တွေနဲ့တိုင်း ပါတယ်။ သွေးတွင်း အောက်ဆီဂျင် ၉၂ ရာခိုင်နှုန်း အောက် ကျနေရင် RTU နဲ့ ဖောက်စစ်တယ်။ စစ်ပြီး တဲ့အခါ Positive ဖြစ်ရင် မအူပင်ဆေးရုံကြီးရဲ့ ကိုဗစ်ကုသရေးဆောင်ကိုလွှဲပါတယ်။ သူနဲ့ ထိတွေ့ လူနာတွေကို Quarantine စင်တာတွေကို ပို့ပါတယ်။
ဒီနေ့အချိန်အထိ ခတ္တိယဂိတ်မှာ ၄၆ ဦးစစ်တာမှာ ၁၈ ဦး Positive တွေ့ပါ တယ်။ ထိတွေ့လူနာတွေကို မအူပင်မြို့နယ်မှာ တိုးရွှေဝါခန်းမနဲ့ မအူပင်မိုးလုံ လေလုံ အားကစားခန်းမမှာ ထားရှိပြီး အသွားအလာ စောင့်ကြပ်ကြည့်ရှုပါတယ်။ ၃ ရက် မြောက်နေ့မှာ RTU နဲ့ တစ် ကြိမ်၊ ၇ ရက်မြောက်နေ့မှာ RTPCL နဲ့ စစ်ပြီး စောင့်ကြပ်ကုသပေးလျက်ရှိပါတယ်။ ကုသ ရေး အပိုင်းမှာကတော့ အဓိကမအူပင်ဆေးရုံကြီးပါ။
အဲ့ဒီအပြင် ရောဂါလက္ခဏာမပြတဲ့လူနာတွေကို မအူပင် အစိုးရစက်မှုလက်မှုကျောင်းနဲ့ မအူပင် တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမမှာ ထားရှိ ပြီး စောင့်ကြပ်ကုသလျက်ရှိပါတယ်။ မအူပင် တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမနဲ့ မအူပင် အစိုးရ စက်မှုလက်မှု ကျောင်းလူနာထဲက ရောဂါ လက္ခဏာပြပြီး ဆေးရုံကို လွှဲပြောင်းပေးဖို့လိုအပ်လာ ရင် မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးကို လွှဲပို့ကုသပေး ပါတယ်။
မေး။ ။ အောက်ဆီဂျင် ပြတ်လပ်မှုမရှိအောင် ဘယ်လို စီမံထားရှိပါသလဲ။
ဖြေ။ ။ မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ တစ်နေ့ ကို အောက်ဆီဂျင် လီတာ ၄၀ ဆလင်ဒါ အလုံး၂၀ ထွက်ရှိတဲ့ စက်တစ်လုံးရှိပါတယ်။ နေ့ည ထုတ်လုပ်လျက်ရှိပါတယ်။ ဒါပေမယ့် တက်ရောက်တဲ့ လူနာများပြားတဲ့အတွက် အောက်ဆီဂျင်ရှူတဲ့ လူနာအရေအတွက်က တစ်နေ့ ၅၀ ပတ်ဝန်းကျင် ရှိတဲ့အတွက် အောက်ဆီဂျင်လိုအပ်ချက်က တစ်နေ့ အလုံး ၁၀၀ လီတာ ၄ဝ ဆလင်ဒါအလုံး ၁၀၀ လို တယ်။ မလုံလောက်တော့ ခရိုင်/မြို့နယ် ကိုဗစ် ကော်မတီရဲ့ လမ်းညွှန်မှုကိုယူတယ်။ နဂိုက ကရုဏာ လူမှုကူညီရေး အသင်းပေါ့။ အခုက အဓိကအနေနဲ့ တပင်ရွှေထီးလူမှုကူညီရေးအသင်းရှိပါတယ်။ သူက တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီက တစ်ဆင့်၊ တိုင်းဒေသကြီးကျန်းမာရေးက တစ်ဆင့်၊ ပြည်ဘက်က စက်ရုံတွေ၊ အောက်ဆီဂျင်ရနိုင်တဲ့နေရာ တွေ၊ ရှမ်းပြည်နယ်ဘက်က စက်ရုံတွေ၊ ရန်ကုန်က စက်ရုံတွေနဲ့ ချိတ်ဆက်ပြီး အောက်ဆီဂျင် မပြတ်လပ်စေရေးအတွက် ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ ကိုဗစ်စင်တာတွေမှာ ကုသမှုအပိုင်းတွေ ဘယ်လို ဆောင်ရွက်ပေးထားပါသလဲ။
ဖြေ။ ။ ကုသမှုအပိုင်းဆိုတာကတော့ အဓိကကုသ တာက မအူပင်ဆေးရုံကြီးရဲ့ ကိုဗစ်လူနာ ကုသဆောင်ဖြစ်တယ်။ အရန်တွဲဖက်ထားတာ ကတော့ အစိုးရစက်မှုလက်မှုကျောင်း(မအူပင်)နဲ့ မအူပင်တက္ကသိုလ် အားကစားခန်းမဖြစ်တယ်။ အဲဒီနှစ်နေရာတွေကတော့ ရောဂါလက္ခဏာမရှိတဲ့ ကိုဗစ်-၁၉ Positive လူနာတွေထားရှိတယ်။ ရောဂါလက္ခဏာပေါ်လာတာနဲ့ တစ်ပြိုင်နက် မအူပင် ဆေးရုံကြီးကို ချိတ်ဆက်ပြီးတော့ မအူပင် ကိုဗစ် လူနာဆောင်ပို့ပြီး သမားတော်ကြီးနဲ့အဖွဲ့က စောင့်ကြပ်ကုသပေးလျက် ရှိပါတယ်။
မေး။ ။ ယခုလက်ရှိ ကာကွယ်ဆေး ရောက်ရှိမှု အခြေအနေနဲ့ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေကို သိလိုပါတယ် ဆရာ။
ဖြေ။ ။ ပထမ တစ်ကြိမ် ကာကွယ်ဆေး ထိုးတုန်းက ကျွန်တော် မရောက်သေးပါဘူး။
ကျွန်တော်ပြောင်းလာတာ နှစ်လနီးပါးလောက် ပဲရှိပါတယ်။ ကိန်းဂဏန်းအရ ပထမအကြိမ် ထိုး တုန်းက မအူပင်မြို့နယ်မှာ ဆေး ၆၁၅၀ ရရှိပြီး ရတဲ့ အချိန်မှာ ပထမအကြိမ်အနေနဲ့ ၃၃၃၃ ဦးထိုးပေး နိုင်ခဲ့ပါတယ်။ သက်တမ်းတိုး အစီအစဉ်နဲ့ ၂၈၂၇ ဦး ထိုးပေးနိုင်ခဲ့ပါတယ်။ ဒါကတော့ ပထမအကြိမ် ထိုးပေးတာပါ။ အခုလည်း ကျွန်တော့်ဆီမှာ DOSE ၁၀၀၀ စာ ရောက်နေတယ်။ အဲဒါလည်းထိုးပေးဖို့ စီစဉ်နေပါတယ်။ နောက်တစ်ခုက ဒီကနေ့ နေ့ခင်း တိုင်းဒေသကြီးအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်နဲ့ လုပ်တယ်။ ဧရာဝတီတိုင်းဒေသကြီးအတွက် ထပ်ပြီး ကာကွယ်ဆေးထိုးတဲ့ ခွဲတမ်းအကုန်ရဦးမယ်။ ရတဲ့အခါ ဦးတည်အုပ်စု ၁၂ အုပ်စုခွဲပြီး ဆေးထိုးအဖွဲ့ ခြောက်ဖွဲ့နဲ့ စနစ်တကျထိုးပေးဖို့ စီစဉ်ဆောင်ရွက် သွားပါမယ်။
မေး။ ။ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့သူတွေ အတွက် ကာကွယ်မှု အပြည့်အဝရရှိနိုင် သလား။
ဖြေ။ ။ ကာကွယ်ဆေးဆိုတာ ကျွန်တော့်အမြင် ပြောရရင် ဘယ်ကာကွယ်ဆေးမှ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝကာကွယ်နိုင်မှု မရှိပါဘူး။ အဲဒီ လိုပဲ ကိုဗစ်ကာကွယ်ဆေးကလဲ နှစ်ကြိမ်ထိုးပြီး ပြီဆိုပြီး ပြည်သူတွေအနေနဲ့ ပေါ့ဆလို့ မရဘူး။ ကာကွယ်ဆေး ထိုးပြီးပေမယ့် ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှု ချက်ချင်းမရနိုင်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့စည်းမျဉ်း၊ စည်းကမ်းတွေ၊ ညွှန်ကြား ချက်တွေ လိုက်နာဖို့ လိုအပ်ပါတယ်။
မေး။ ။ လက်ရှိဆေးရုံတက်ရောက်ကုသမှု၊ ပြန်လည် ကျန်းမာလာမှုကို သိချင်ပါတယ်။
ဖြေ။ ။ ဒီနေ့အချိန်ထိ မအူပင်ခရိုင်ပြည်သူ့ဆေးရုံ ကြီးကို တက်ရောက်ကုသတဲ့ လူနာအားလုံး က ၄၄၂ ဦးရှိပါပြီ။ ဆင်းတာကတော့ ၂၅၀ ကျော်ရှိပြီ။ ဒီကနေ့ ဆေးရုံမှာ လက်ရှိကုသမှုခံယူ နေတာက ၁၃၀ ဝန်းကျင်လောက်ရှိပါတယ်။
တွေ့ဆုံမေးမြန်း-တင်သူဇာလှိုင်ခရိုင်(ပြန်/ဆက်)