ကာကွယ်ဆေးများကို ဦးတည်အုပ်စုတွေနဲ့ ဦးစားပေးအစီအစဉ်အလိုက်  စနစ်တကျ ထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်

အစိုးရအနေနဲ့ ကာကွယ်ဆေးတွေရရှိဖို့အတွက် ဆက်လက်ညှိနှိုင်းဝယ်ယူဖို့   ဆောင်ရွက်လျက်ရှိသလို  တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ဝယ်ယူထားတဲ့  ကာကွယ်ဆေးအရေအတွက် ၄ သန်း အနက်  အခု  ဇူလိုင်လ စတုတ္ထပတ်မှာ ၃ သန်း ရောက်ရှိခဲ့ပြီး ဖြစ်သလို ဆေးထိုးလုပ်ငန်းများ အမြန်ဆောင်ရွက်နေပါတယ်။ နောက်ထပ်  ကာကွယ်ဆေး ၃ သန်းကလည်း  သြဂုတ်လအတွင်း ရောက်ရှိ လာမှာဖြစ်လို့   ရရှိလာမယ့်ကာကွယ်ဆေးများကို     ဦးတည်အုပ်စုတွေနဲ့     ဦးစားပေးအစီအစဉ်အလိုက်    စနစ်တကျ  ထိုးနှံပေးနိုင်ဖို့  စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေး ၂  သန်းဟာလည်း  အသုတ်လိုက်  ရောက်ရှိလာမှာဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံမှ  ရရှိရန်ကျန်ရှိနေတဲ့   ကာကွယ်ဆေးများ ရရှိရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် နေကြောင်း ပြောလိုပါတယ်။


( ၁-၈-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင် ခဲ့မှုနှင့် ပတ်သက်၍   ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)