ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် စွမ်းအင်ကဏ္ဍတို့အတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဖြစ်နေသည့် ဥရောပနိုင်ငံများ

 

မိုမိုဝေ
 

ဩစတြီးယားနိုင်ငံ တောင်ပိုင်းဒေသရှိ မဲလ်လက် ကျောက်မီးသွေးသုံး  လျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ တာလပတ်ကြိုး များအကြားတွင် ပင့်ကူအိမ်များဖွဲ့နေပြီး ကျောက်မီးသွေးပုံများ      အကြားတွင်လည်း  သစ်ပင်ငယ်များနှင့် ပန်းပွင့်များစွာပင် ပွင့်နေလေပြီ။

 


သြစတြီးယားနိုင်ငံ၏      နောက်ဆုံး ကျောက်မီးသွေး      လောင်စာသုံး ဓာတ်အားပေးစက်ရုံဖြစ်သည့် အဆိုပါ စက်ရုံသည်   ၂၀၂၀  ပြည့်နှစ်   နွေဦး ပေါက်ကာလကတည်းက   ပိတ်သိမ်းခဲ့ပြီ ဖြစ်သော်လည်း   ယခုအခါ   စွမ်းအင် လိုအပ်ချက်အရ  စက်ရုံကို   ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ထပ်မံပြင်ဆင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

 


“ဒီစက်ရုံကို ပြန်ဖွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ    စိတ်ကူးတောင်မယဉ် ခဲ့ပါဘူး၊ ဓာတ်ငွေ့အပေါ်မှာပဲ မှီခိုနေရ တာ ဆိုးတာပေါ့ဗျာ” ဟု ဝရိန်ဆော်သူ ပီတာပရောဘ်က ဆိုသည်။ 

 


ကျောက်မီးသွေးဘက်သို့ ပြန်လှည့်လာ


ရာသီဥတု        ပြောင်းလဲမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ဩစတြီးယား နိုင်ငံသည် ကျောက်မီးသွေး အသုံးပြုမှု ကို    ရပ်တန့်ရန်    ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ။         စစ်ရေးဆိုင်ရာ ပဋိပက္ခများကြောင့်      ဓာတ်ငွေ့ ထောက်ပံ့မှုကို         မရနိုင်တော့သည့် အတွက်          ဥရောပနိုင်ငံများသည် ကျောက်မီးသွေးဘက်သို့ ပြန်လှည့်လာရ သည့်အနေအထားသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။

 


ယခုအခါတွင် မဲလ်လက်ဓာတ်အား ပေးစက်ရုံ၏  အနီရောင်နှင့် အဖြူရောင် မီးခိုးခေါင်းတိုင်များသည်  ဂရစ်ဇ်မြို့ အဝေးတစ်နေရာရှိ      ပြောင်းဖူးခင်းနှင့် ဖရုံခင်းများအကြားတွင်         ထင်ရှားစွာ ပေါ်လွင်နေသည်။ အနက်ရောင်အတွင်း နံရံများနှင့်      ကျောက်မီးသွေးမှုန့်များ ပေကျံနေသည့်   တံခါးလက်ရန်းများကိုလည်း မြင်တွေ့ရသည်။ 

 


၂၀၃၀ ပြည့်နှစ်တွင် ဩစတြီးယား အတွက်လိုအပ်သည့်        လျှပ်စစ်စွမ်း အင်အားလုံးကို     ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍမှ      ရရှိနိုင်ရမည်ဟု “ဂရင်းစ်”       ကွန်ဆာဗေးတစ်အဖွဲ့က မျှော်မှန်းထားခဲ့ပြီး           မဲလ်လက် ကျောက်မီးသွေးသုံး     ဓာတ်အားပေး စက်ရုံမပိတ်မီကတည်းကပင် စက်ရုံ၌ ကျန်ရှိနေသည့်      ကျောက်မီးသွေး တန်ချိန်ပေါင်း     ၄၅၀၀၀၀  ခန့်ကို သိုလှောင်သိမ်းဆည်းပြီးနောက် ပိတ်သိမ်း လိုက်ခြင်းဖြစ်သည်။     သို့သော်လည်း ယခု     လာမည့်လေးလခန့်အကြာတွင် ရောက်ရှိမည့်      ဆောင်းရာသီမတိုင်မီ ဓာတ်ငွေ့ ပြတ်တောက်သွားနိုင်သဖြင့် စက်ရုံကို     အချိန်မီလည်ပတ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီမံကိန်း မန်နေဂျာဖြစ်သူ   ခရစ္စတို    ကာဇ်မန်း ဖရီးဒယ်က ဆိုသည်။

 


အရေးပေါ်အခြေအနေ


“စက်ရုံကိုတော့ အရေးပေါ်လိုအပ်မှ သာ အသုံးချသွားမှာပါ၊ ဩစတြီးယား အနေနဲ့    ကာဗွန်ထုတ်လွှတ်မှု   လျှော့ချ ရေး ရည်မှန်းချက်ကိုလည်း ဆက်လက် စွဲကိုင်ထားမှာပါ၊   ဒါဟာ     တကယ့်ကို အရေးပေါ်အခြေအနေမို့ပါ၊   ဘယ်လို အခြေအနေမျိုးအတွက်ကိုမဆို ကျွန်တော် တို့  ကြိုတင်ပြင်ဆင်ထားဖို့တော့    လိုပါ တယ်” ဟု အဓိပတိကားလ်နီဟန်းမား က ပြောကြားသည်။

 


မဂ္ဂါဝပ်    ၂၃၀   ထုတ်လုပ်နိုင်မည့် အဆိုပါ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံကို ဩစတြီးယား၏ ထိပ်တန်း လျှပ်စစ်ဓာတ်အားပေး      ကုမ္ပဏီတစ်ခု ဖြစ်သည့် ဗားဘန့်က ဆောင်ရွက်လျက် ရှိပြီး   ဂရစ်ဇ်မြို့ရှိ   ပြည်သူ ၃၀၀၀၀၀ ခန့်ကို      ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကာဇ်မန်း ဖရီးဒယ်က ပြောသည်။

 


သို့သော် အဆိုပါစက်ရုံကို အဆင်သင့် ဖြစ်ရန် ပြင်ဆင်နေဆဲအခြေအနေသာ ဖြစ်ပြီး      အရည်အချင်းပြည့်၀သော ဝန်ထမ်းများကို      ငှားရမ်းခြင်းအပြင် လုံလောက်သော ကျောက်မီးသွေးရှာဖွေ  ကာ        စက်ပစ္စည်းကိရိယာအားလုံးကို လည်း        ပြန်လည်ပြင်ဆင်ရဦးမည် ဖြစ်ကြောင်း   ၎င်းကဆိုသည်။   စက်ရုံ အတွက် လိုအပ်သည့် ကျောက်မီးသွေး များကို      ယခင်က ပိုလန်အစိုးရက ပိတ်ပစ်ရန် ရည်မှန်းထားခဲ့သည့်  ပိုလန် နိုင်ငံ   စီလီဆာဒေသရှိ  မိုင်းတွင်းများမှ အဓိကရရှိခဲ့သည်။  ယင်းနောက်  ၂၀၂၀ ပြည့်နှစ်တွင်  ကျောက်မီးသွေးဈေးနှုန်း များမှာ      သုံးဆခန့်မြင့်တက်လာခဲ့ပြီး စက်ရုံမှ      လျှပ်စစ်ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်မှာလည်းများစွာ ကြီးမြင့် လာမှုကြောင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

 


ပြန်လည်အသက်သွင်းနေ


အဆိုပါ       ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို          ပြန်လည် အသက်သွင်းနေခြင်းသည်    “ဂရင်းစ်” အဖွဲ့၏    စိတ်ပျက်ဖွယ်လုပ်ရပ်တစ်ခု ဖြစ်ကြောင်း      အတိုက်အခံ   ဆိုရှယ် ဒီမိုကရက်များ၏     ပြစ်တင်ဝေဖန်မှု ကိုလည်း      ပြင်းပြင်းထန်ထန်ခံနေရသည်။

 


“နောက်တစ်ခါ         ဆိုရင်တော့ ဇဝမ်တန်ဒေါ့ဖ်  စက်ရုံကိုများ   ပြန်ဖွင့် တော့မလား မသိဘူး” ဟု နိုင်ငံရှိ တစ်ခု တည်းသော  နျူကလီးယားဓာတ်အား ပေးစက်ရုံကို   ရည်ညွှန်း၍  အတိုက် အခံများက         မေးခွန်းထုတ်သည်။  အဆိုပါ   နျူကလီးယားဓာတ်အားပေးစက်ရုံမှာလည်း ၁၉၇၈ ခုနှစ်က အယ်လ် ပိုင်းဒေသရှိ         လူကိုးသန်းခန့်က နျူကလီးယား   ဆန့်ကျင်ရေးအတွက်  လက်မှတ်ရေးထိုး ကန့်ကွက်မှုကြောင့် ပိတ်သိမ်းထားခဲ့ရခြင်းဖြစ်သည်။ 

 


ဥရောပသမဂ္ဂ     အဖွဲ့ဝင်နိုင်ငံများ အနက်      ဂျာမနီနိုင်ငံကလည်း ကျောက်မီးသွေးသုံးစက်ရုံများ ပြန်လည် ဖွင့်လှစ်မည်ဟု         မကြာသေးမီက ကြေညာထားပြီး      ပြင်သစ်နိုင်ငံနှင့် အခြားအဖွဲ့ဝင်         နိုင်ငံများမှာလည်း စွမ်းအင်ကဏ္ဍအတွက် ကျောက်မီးသွေး ဘက်သို့ ပြန်လှည့်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ 

 


ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး


တစ်ဖက်တွင်လည်း      ဥရောပ အဖွဲ့ဝင်နိုင်ငံများ၏        ရာသီဥတု ပြောင်းလဲမှု        တိုက်ဖျက်ရေးအတွက် အစိမ်းရောင်စွမ်းအင်  အကူးအပြောင်း တွင်      ထိခိုက်လွယ်သည့်အုပ်စုများ အတွက်  “ရာသီဥတုဆိုင်ရာ   လူမှုရေး ရန်ပုံငွေ” ထူထောင်ရန် ကြိုးစားပမ်းစား ဆောင်ရွက်နေသည်။ 

 


မကြာသေးမီရက်ပိုင်းက  ဥရောပ ၂၇ နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဝန်ကြီးများသည်  ၂၀၃၅  ခုနှစ် အတွင်း     ကာဗွန်လုံးဝကင်းစင်သည့် ကားသစ်များ ထုတ်လုပ်ရေး ဘုံရည်မှန်း ချက်   အောင်မြင်ရေး၊   ကုမ္ပဏီများနှင့် စားသုံးသူများအား ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ         ကြိုးပမ်းမှု အတွက်  ကုန်ကျစရိတ်များကို ကာမိ စေရန်     အကူအညီပေးရေးအတွက် အထူးရန်ပုံငွေတစ်ရပ်    ထူထောင်ရန် အစီအစဉ် ချမှတ်ခဲ့သည်။

 


အဆိုပါ  အစီအစဉ်သည် စျေးနှုန်း တိုးမြင့်မှု၏     အကျိုးသက်ရောက်မှု ကြောင့် ထိခိုက်လွယ်သော အိမ်ထောင်စု များအတွက်   အိမ်ရာနှင့်     လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ     ကုန်ကျစရိတ် များကို လျှော့ချမည့် အစီအမံများဆီသို့ ဦးတည် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါကိစ္စသည်  ငွေကြေးဖောင်းပွမှု နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကုန်ကျစရိတ် များ  ကြီးမြင့်နေချိန်တွင် အကဲဆတ်လှ သည့်      အကြောင်းအရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံအကြား ရန်ပုံငွေအစီအစဉ်ကို မူအားဖြင့်       သဘောတူညီမှုရရှိပြီး ကနဦးအနေဖြင့် ၂၀၂၅ ခုနှစ်နှင့် ၂၀၃၂ ခုနှစ်အကြား ဥရောပသမဂ္ဂရန်ပုံငွေ ၇၂ ဘီလီယံကျော် စုဆောင်းရန် လျာထားခဲ့သည်။

 


သို့သော်လည်း ပိုမိုချမ်းသာကြွယ်ဝ သည့်နိုင်ငံများဖြစ်သည့်  နယ်သာလန် နှင့် ဂျာမနီတို့က ရန်ပုံငွေနည်းနည်းသာ အသုံးပြုလိုခဲ့ပြီး ဂျာမနီနိုင်ငံက  ကနဦး အနေဖြင့် ယူရို ၂၀ ဘီလီယံသာ  ထည့် ဝင်မည်ဟု        ကမ်းလှမ်းခဲ့သော်လည်း နောက်ဆုံးတွင်   ယူရို  ၄၈  ဘီလီယံ ထည့်ဝင်ရန် သဘောတူခဲ့ရသည်။ 

 


သို့သော်လည်း     အီးယူအလှည့်ကျ ဥက္ကဋ္ဌပြင်သစ်နိုင်ငံက  ၂၀၂၇   ခုနှစ်မှ ၂၀၃၂  ခုနှစ်အတွင်း ယူရို ၅၉ ဘီလီယံ ကိုသာ  စုဆောင်းမည်ဟု  ဆုံးဖြတ်ခဲ့ပြီး အပေးအယူ      မျှမျှတတဖြစ်အောင် ဆောင်ရွက်ခဲ့သည်။      နောက်ဆုံးတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်     နိုင်ငံများအနေ ဖြင့်     ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေး အတွက်    အစိမ်းရောင်စွမ်းအင်ကဏ္ဍ ကူးပြောင်းရေးတွင်   စက်မှုလုပ်ငန်းများ ကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။    သို့သော် လည်း ဥရောပနိုင်ငံများ၏ နယ်စပ်များ တွင် တတိယနိုင်ငံများမှ တင်သွင်းလာ သည့် သွင်းကုန်များအပေါ် ကာဗွန်အခွန် ကောက်ခံသွားမည်ဟု သဘောတူညီခဲ့ ကြပြီး        ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ရန်အတွက် ကုမ္ပဏီများက ခရက်ဒစ်များ  ဝယ်ယူရမည်ဖြစ်သည်။

 

အဆိုပါအစီအစဉ်သည်   ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏          ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ အစီ အစဉ်အတွက် အခြေခံအုတ်မြစ်ချလိုက် ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။


ကိုးကား 
အေအက်ဖ်ပီ