ဇန်နဝါရီလအတွင်း အမေရိကန်၌ အလုပ်အကိုင်ပေါင်း ၄၆၇၀၀၀ တိုးလာ

 

နယူးယောက်  ဖေဖော်ဝါရီ   ၅


ဇန်နဝါရီလအတွင်း  အမေရိကန်၏ စီးပွားရေးတွင် အလုပ်အကိုင် သန်းတစ်ဝက်နီးပါး တိုးလာခဲ့ကြောင်း၊ ယင်းပမာဏမှာ စီးပွားရေးပညာရှင်များခန့်မှန်းထားသည့်ပမာဏထက်   သုံးဆကျော်ပို၍ များပြားကြောင်း သိရသည်။ 

 


ဖေဖော်ဝါရီ ၄ ရက်တွင် လစဉ်အလုပ်အကိုင် စာရင်းကို အလုပ်သမားဌာနက ထုတ်ပြန်ခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ  မဟုတ်သော  အလုပ် အကိုင် အရေအတွက် ၄၆၇၀၀၀ အထိ  တိုးလာ ကြောင်း ဖော်ပြထားသည်။ 

 


စီးပွားရေးပညာရှင်များကမူ ၁၅၀၀၀၀ အထိသာ တိုးလာမည်ဟု မျှော်မှန်းထားခဲ့သည်။  ဘားများနှင့် စားသောက်ဆိုင်များတွင် အလုပ်သမားငှားရမ်းမှု မှာ တိုးတက်လာခဲ့သည်။ ဟိုတယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းအတွက် အလုပ်အကိုင်ပေါင်း ၁၅၀၀၀၀ ကျော်အထိ ငှားရမ်းနိုင်ခဲ့သည်။ သို့သော်လည်း အလုပ်လက်မဲ့ပမာဏမှာမူ  မပြောင်းလဲဘဲရှိနေ ကြောင်း သိရသည်။ 

 


စီးပွားရေး     ပြန်လည်ကောင်းမွန်လာပြီဖြစ် သည်ကို ကိန်းဂဏန်းများက သက်သေပြလျက်ရှိ ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က   ပြော သည်။ အမေရိကန်၏  အလုပ်အကိုင် ယန္တရားမှာ ပိုမိုအားကောင်းလာပြီး      အလုပ်ကြိုးစားသည့်   အမျိုးသားနှင့်အမျိုးသမီးများအတွက်  အခွင့်အလမ်း ကောင်းများ ပို၍ခိုင်မာလာမည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

 

အလုပ်သမား ငှားရမ်းမှုဈေးကွက် မှာ  မြင့်တက်လာသည့်အတွက် အလုပ်သမားဈေး ကွက် အားကောင်းလာသည်ဟု စီးပွားရေးပညာ ရှင်များက ပြောသည်။ 

 


အလုပ်သမားပြတ်လပ်မှုကြောင့်လည်း ကုမ္ပဏီ များက    ပိုမိုများပြားသည့်    လုပ်ခလစာပေးရန် အတွက်  အခွင့်အလမ်းကောင်းများပေါ်ပေါက်လာ သည်။                                    

အင်န်အိတ်ချ်ကေ